ရောဂါလက္ခဏာ ဖြစ်ပေါ်စေသော အကြောင်းအရာများ

8/31/2022

လိပ်ခေါင်းရောဂါအတွက် ဘယ်အစားအစာတွေစားသုံးပြီး ဘာတွေရှောင်သင့်လဲ?

ကျန်းမာစေတဲ့ အစားအသောက်များကို ရွေးချယ်စားသောက်ခြင်းနဲ့ ရောဂါကို ပိုပြီးဆိုးရွားစေတဲ့ အစားအစာများကို သတိထားရှောင်ကြဉ်ခြင်းဟာ  လိပ်ခေါင်းရောဂါဖြစ်ခြင်းကို ကာကွယ်ပေးပါတယ်။ ဤဆောင်းပါးတွင်လိပ်ခေါင်းရောဂါကိုကာကွယ်ရန် အစားအသောက်ကို လိုက်လျောညီထွေဖြစ်အောင် အကြံပြုချက်များကို ပေးထားပါသည်။

 လိပ်ခေါင်းသည် ယေဘူယျ အဖြစ်များဆုံး proctological ရောဂါဗေဒဖြစ်ပြီး စပိန်တွင် လိပ်ခေါင်းရောဂါအဖြစ်များမှုသည် ၁၃ ရာခိုင်နှုန်းရှိပြီး အသက် ၄၁ နှစ်မှ ၆၀.၂ နှစ်ကြားရှိ လူများသည် ဖြစ်ပွားမှု အမြင့်ဆုံးဖြစ်သည်။

ဝမ်းချုပ်ခြင်း၊ အစားအသောက် သို့မဟုတ် ကိုယ်ဝန်ရှိခြင်း စသည့်အချက်များက လိပ်ခေါင်းဖြစ်စေသည့် အချက်များဖြစ်သော်လည်း လိပ်ခေါင်းရောဂါဖြစ်ပွားစေသည့် အခြားအကြောင်းရင်းများစွာလည်း ရှိသေးသည်။

လိပ်ခေါင်းရောဂါနှင့် စားသောက်နေထိုင်ပုံ

လိပ်ခေါင်းရောဂါ၏အဓိကအကြောင်းအရင်းများထဲမှ တစ်ခုမှာ ဝမ်းချုပ်ခြင်းပင်ဖြစ်သည်။ ဝမ်းချုပ်ရခြင်းသည် စားသောက်နေထိုင်မှုပုံစံများနှင့် တိုက်ရိုက်သက်ဆိုင်သည်။

အရည်မပါသောအစားအသောက်များနှင့် အမျှင်ဓာတ်နည်းပါးသော အစားအသောက်များသည်အညစ်အကြေးစွန့်သည့်အခါ အစာဟောင်းများ မာကြောခြင်း၊ ခြောက်ကပ်ခြင်းများဖြစ်လာစေပြီး ဝမ်းချုပ်ခြင်းကိုဖြစ်စေသည်။ အစားအသောက်များတွင်ပါဝင်သော အမျှင်ဓာတ်သည် အစာဟောင်းများ၏ အလေးချိန်နှင့် အရွယ်အစားကို ကြီးမားလာစေပြီး အစာဟောင်းကို ပျော့ပြောင်းစေသည်။ အစာဟောင်း အရွယ်အစားကြီးလေလေ စွန့်ထုတ်ရန်လွယ်လေလေဖြစ်သည်။ ထိုအခါ ဝမ်းချုပ်ခြင်းမဖြစ်စေရန် ကာကွယ်ပေးနိုင်ပြီး လိပ်ခေါင်းဖြစ်လာနိုင်ချေကို လျှော့ချပေးသည်။

အစားအသောက်တွင်ပါဝင်သော အမျှင်ဓာတ်များသည် အူတွင်းရှိ ဘက်တီးရီးယားများနှင့် တိုက်ရိုက်ဓာတ်ပြုပြီး အစာချေစနစ်များကိုလုပ်ဆောင်သည်။ ထိုဘက်တီးရီးယားအစုအဝေးများသည် အစာချက်ရန်ခက်ခဲသော အစားအစာများကို တာဝန်ယူပြီး အာဟာရများကို စုပ်ယူကာ ရှုပ်ထွေးပြီး သဘာဝအတိုင်းလည်ပတ်သော ကမ္မဇီဝစနစ်ကို ဖြစ်ပေါ်စေသည်။ (အသက်ရှင်သန်စေသည်။) အမျှင်ဓာတ်သည် အစာဟောင်းများကို ကောင်းမွန်စွာ ပုံဖော်နိုင်စွမ်းပေးသောကြောင့် အူအတွင်းအစာဟောင်းများဖြတ်သန်းခြင်းကိုလည်း ချောမွေ့အဆင်ပြေစေရန် ကူညီပေးသည်။

အမျှင်ဓာတ်ကြွယ်ဝသောစားသောက်မှုပုံစံသည် ခန္ဓာကိုယ်အလေးချိန်ကို ထိန်းပေးနိုင်သကဲ့သို့ ဆီးချို၊သွေးတိုး၊နှလုံးရောဂါနှင့် ကင်ဆာရောဂါများ ဖြစ်နိုင်ချေကိုလည်းလျှော့ချပေးသည်။ ထို့ကြောင့် အမျှင်ဓာတ်ကြွယ်ဝသော အစားအစာများကို နေ့စဉ်စားသုံးမှုပုံစံထဲတွင် အနည်းငယ်စီ ထည့်သွင်းစားသောက်သင့်သည်။ အသက်အရွယ်နှင့် လိင်အမျိုးအစားအလိုက် ခန္ဓာကိုယ်မှ လိုအပ်သော အမျှင်ဓာတ်ကို ရရှိစေရန် နေ့စဉ်လုံလောက်သော အမျှင်ဓာတ်များစားသုံးရန် ဆရာဝန်များနှင့် ကျွမ်းမာရေးဆိုင်ရာကျွမ်းကျင်သူများက ညွှန်ကြားထားသည်။

 

Table extracted from: https://www.mayoclinic.org/healthy-lifestyle/nutrition-and-healthy-eating/in- depth/fiber/art-20043983

 

‌ထပ်တိုးအနေဖြင့် နေ့စဥ်စားသုံးသည့် အစားအစာများတွင် အမျှင်ဓာတ်ပါဝင်မှုကို တိုးမြင့်ခြင်းနှင့် လိပ်ခေါင်းရောဂါခံစားရချိန်တွင် ရေများများသောက်ရန် အကြံပြုထားပါသည်။

 

   အမျှင်ဓာတ်ကြွယ်ဝသည့် အစားအစာများ

 

ဟင်းသီးဟင်းရွက်များသည် သဘာဝအမျှင်ဓာတ်၏ အကြီးဆုံးသော အရင်းအမြစ်များဖြစ်သည်။ လိပ်ခေါင်းရောဂါ ခံစားရချိန်တွင် ဆလတ်ရွက်၊ မုန်လာဥနီ၊ ဟင်းနုနွယ်ရွက်၊ ချက်ပြုတ်ပြင်ဆင်ထားသည့် ဟင်းရွက်စိမ်းများ၊ ပန်းပွင့်စိမ်း၊ အာတီချုပ်၊ ဖရုံသီး၊ အာလူး၊ ပဲသီးစိမ်းနှင့် ဟင်းသီးဟင်းရွက် ဖျော်ရည်များ ကိုစားသုံးရန် အကြုံပြုပါသည်။ နေကြာစေ့များ၊ ဗာဒံစေ့များ၊ သီဟိုဠ်စေ့အနွယ်ဝင် ပစ်စတာနှင့် သစ်ကြားသီး ကဲ့သို့သော အစေ့အဆန်များနှင့် အခွံမာသီးများကိုလည်း အကြံပြုထားသည်။ ပဲမျိုးစုံတွင် အမျှင်ဓာတ်များစွာပါဝင်ပြီး အစာချေဖျက်မှုနှင့် အူလမ်းကြောင်းလှုပ်ရှားမှုများကို ကူညီပေးနိုင်သည့် ပရိုတင်းဓာတ်လည်း ပါဝင်သည်။ သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များ (ဖြစ်နိုင်လျှင်အခွံမခွာပါနှင့်) သည်လည်း အစားအသောက်များတွင် အမျှင်ဓာတ်တိုးပွားစေသည့် အကောင်းဆုံး ရွေးချယ်မှုဖြစ်သည်။ ၎င်းတို့သည် ဗီတာမင်နှင့် သတ္တုဓာတ်များ၏ အကောင်းဆုံးအရင်းအမြစ်တစ်ခုလည်းဖြစ်သည်။ တစ်နေ့လျှင် အနည်းဆုံး (၅) ကြိမ်စားသုံးရန် အကြံပြုထားသည်။

လိပ်ခေါင်းရောဂါခံစားနေရချိန် ရှောင်ရှားရမည့် အစားအစာများ

 

 လိပ်ခေါင်းရောဂါ ခံစားနေရသည့် အချိန်များတွင် မည်သည့်အစားအစာများကို စားသုံးရမည်ကို သိထားရန် လိုအပ်ရုံသာမက ဝမ်းချုပ်ခြင်း သို့မဟုတ် လိပ်ခေါင်းဖြစ်ပေါ်စေနိုင်သည့် အစားအစာများကို ရှောင်ရှားရန်လည်း အရေးကြီးသည်။ အောက်ဖော်ပြပါဇယားတွင် ဝမ်းချုပ်ခြင်း သို့မဟုတ် လိပ်ခေါင်းရောဂါဝေဒနာရှင်များ ရှောင်ကြဉ်သင့်သည့် အစားအစာအချို့ကို ဖော်ပြထားပါသည်။

Table adapted from: Pérez Alcázar M. Hemorroides hidratación y protección. Farmacia Profesional, 2005;19:62-67

Leche y lácteos: leche condensada, crema de chocolate, lácteos enriquecidos con nata.

နို့နှင့် နို့ထွက်ပစ္စည်းများ - နို့ဆီ၊ ချောကလက်၊ ခရင်မ်နှင့် နို့ထွက်ပစ္စည်း ကြွယ်ဝစွာပါဝင်သည့် ခရင်မ်များ။

Carnes grasas, charcutería y vísceras.

အဆီများသောအသားများ နှင့် ကလီစာများ.

Pescados en conserva, ahumados o salazones.

စည်သွပ်ဗူးများ၊ ကျပ်တိုက်ထားသော သို့မဟုတ် ဆားနယ်ထားသည့်ငါး.

Translation of the table:

 

Cereales: pan recién horneado tipo baguette,

pasta poco cocida, galletas rellenas o bañadas en chocolate.

စီရီရယ် (နှံစားပင်နှင့်ပြုလုပ်ထားသည့် အစားအစာ)- လတ်လတ်ဆတ်ဆတ် ဖုတ်ထားသော ပြင်သစ်ပေါင်မုန့်အမျိုးအစား၊ ချက်ပြုတ်ထားသည့်ပါစတာခေါက်ဆွဲ၊ ချောကလက် အုပ်ထားသော သို့ နှစ်ထားသော ဘီစကစ်များ.

Legumbres cocinadas con ingredientes grasos: chorizo, morcilla, tocino, etc.

အဆီများသောပါဝင်ပစ္စည်းများဖြင့် ချက်ပြုတ်ထားသည့်ပဲဟင်း ; chorizo (ဝက်အူချောင်း)၊ အနက်ရောင် ဝက်အူချောင်း(ဝက်သွေး၊အဆီတို့ဖြင့်ပြုလုပ်ထား)၊ ဝက်သားဆားနယ်

Verduras flatulentas: alcachofa, col, pimiento, rábano, cebolla, ajo y puerro.

လေကောင်းစေသည့် ဟင်းသီးဟင်းရွက်များ : အာတီချုပ်၊ ဂေါ်ဖီထုပ်၊ ငရုတ်ကောင်း၊ မုန်လာဥ၊ ကြက်သွန်နီ၊  ကြက်သွန်ဖြူနှင့် ကြက်သွန်မြိတ်။

Frutas: frutas en almíbar y confitadas, frutas

astringentes como membrillo, plátano, manzana rallada y limón.

သစ်သီး ; သစ်သီးရည် နှင့် သကြားသီး၊ အခွံအုပ်ထားသည့် သစ်သီးများ သံပရိုသီး၊ ငှက်ပျောသီး၊ ပန်းသီး၊ သံပရာသီး.

Bebidas: té (contiene taninos y es astringente), zumo de limón, de pomelo, manzana.

ဖျော်ရည်သောက်စရာများ ; လက်ဖက်ရည် (သဘာဝသစ်သီး၊သစ်ခေါက် နှင့်အခွံအုပ်ထားသည့်သစ်သီးများမှရသော) ၊ သံပုရာရည်၊ ဂရိတ်ဖရုဖျော်ရည်၊ ပန်းသီးဖျော်ရည်

Grasas: manteca, nata, tocino y sebos.

အဆီများ ; ဝက်ဆီ၊ ခရင်မ်၊ ဝက်ဆားနယ်ခြောက် နှင့် တိရိစ္ဆာန်မှထုတ်သည့်အဆီ

Otros: chocolate (astringente), pastelería y repostería rellenas de chocolate o bañadas en

soluciones azucaradas, golosinas y dulces.

အခြား ; ချောကလက်၊ ချောကလတ်သို့ သကြားဖြင့် အုပ်ထားသည့် ကိတ်မုန့်များ၊ ချိုချဥ်များနှင့် သကြားလုံးများ။

Evitar el consumo excesivo de edulcorantes: sorbitol, sacarina, ciclamato y aspartamo.

အချိုဓာတ်များ ; sorbitol (ကာဘွန်ဟိုက်ဒရိတ်အမျိုးအစား) ၊ saccharin(သကြားအမျိုးအစား)၊ cyclamate (ဆားအမျိုးအစား) တို့ကို အလွန်အကျွံစားသုံးခြင်းမှ ရှောင်ကျဥ်ပါ။

လိပ်ခေါင်းရောဂါ သက်သာစေရန် သင်ဘာတွေလုပ်နိုင်မလဲ?

ရေရှည်အတွက် လိပ်ခေါင်းရောဂါကို သက်သာစေရန် ကောင်းမွန်သည့်နေထိုင်မှုပုံစံနှင့် ကျန်းမာရေးနှင့် ညီညွတ်သည့် စားသောက်မှုပုံစံများကို လုပ်ဆောင်နိုင်သလို အောက်ပါနည်းလမ်းများကိုလည်း လုပ်ဆောင်နိုင်ပါသည်။

သင်၏ ဝမ်းကျန်းမာရေးကို ဂရုစိုက်ပါ။

ဝမ်းသွားပြီးသည့် အချိန်များတွင် ဆီလမ်းကြောင်းနှင့် တစ်ကိုယ်ရေ သန့်ရှင်းရေးကို မကြာခဏ ဂရုစိုက်သင့်ပါသည်။ ရေနွေး(ကြက်သီးနွေး)၊ အက်စစ်(အသားအရည်တွင်အသုံးပြုနိုင်သည့်အက်စစ်) သို့မဟုတ် သဘာဝဆပ်ပြာနှင့် ဆေးကြောပြီး ညှင်သာစွာ အခြောက်ခံပါ။ အိမ်သာသုံး စက္ကူအသုံးမပြုသင့်ပါ။ တစ်ရှူးအစိုကို အသုံးပြုခြင်းက ပိုမိုကောင်းမွန်သည်။ ပိုးမွှားများနှင့် ယားယံခြင်းကို ရှောင်ရှားနိုင်ရန်အတွက် ဆီးနှင့် ဝမ်းသွားသည့် အင်္ဂါများကို သေချာစွာ အခြောက်ခံရန် အရေးကြီးသည်။ ရေနွေးစိမ်ခြင်းလည်း ပြုလုပ်နိုင်ပါသည်။ (ရေမပူလွန်း မအေးလွန်းသည့် ရေနွေး)

သင့်အမူအကျင့်နှင့် လူနေမှုပုံစံကို သတိပြုပါ။

တနေ့တာအချိန်အတွက် ကိုယ်ဟန်အနေအထားကို လှုပ်ရှားပေးခြင်းနှင့် အချိန်ကြာြမင့်စွာ မတ်တပ်ရပ်ခြင်းကို ရှောင်ရှားပါ။ ဝမ်းချုပ်မခံပါနှင့်။ ရောင်ရမ်းမှုများကို လျော့ကျစေရန်အတွက် ရေခဲသို့  အေးသည့်အရာများနှင့် ဖိအုပ်ပေးပါ။ အခြားသောအချက်များအနေဖြင့် ဝမ်းဗိုက်ကို ဖိအားတိုးစေနိုင်ပြီး သွေပြန်ကြောအတွင်း သွေးစီးဆင်းမှုကို ဟန့်တားစေသည့်အတွက် တင်းကျပ်လွန်းသည့် အဝတ်များ ဝတ်ဆင်ခြင်းမှ ရှောင်ရှားပါ။

ကိုယ်လက်လှုပ်ရှားမှုရှိပါစေ။

အထိုင်များသည့် လူနေမှုပုံစံသည် လိပ်ခေါင်းရောဂါ လက္ခဏာများ ဖြစ်ပေါ်လာစေရန် တွန်းအားဖြစ်စေသည်။ ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ခြင်းသည် အထိုင်များသည့် လူနေမှုပုံစံနှင့် အဝလွန်ခြင်း အန္တရာယ်ကို တိုက်ဖျက်ရန်အတွက် အကောင်းဆုံးနည်းလမ်းဖြစ်သည်။ သင့်စိတ်ကြိုက် ကိုယ်လက်လှုပ်ရှားများ နေ့စဥ်လုပ်ဆောင်ခြင်းဖြင့် အနားယူရန်အတွက် အချိန်ယူပါ။ သတိထားရန်အချက်မှာ စက်ဘီးစီးခြင်း၊ မော်တော်ဆိုင်ကယ်စီးခြင်း၊ လှေလှော်ခြင်း သို့မဟုတ် မြင်းစီးခြင်း အစရှိသည့် အားကစားနည်းများသည် လိပ်ခေါင်းရောဂါကို ဖြစ်စေနိုင်သည်။

သင်၏ကျန်းမာရေး စောင့်ရှောက်မှု ကျွမ်းကျင်သူသည် သင့်အတွက် မိတ်ဆွေဖြစ်သည်။

တစ်ကိုယ်ရေသန့်ရှင်းမှု၊ အစားအသောက်နှင့် ဆေးဝါးဗေဒဆိုင်ရာ အစီအမံများအားလုံးကို လိုက်နာသော်လည်း လိပ်ခေါင်းရောဂါလက္ခဏာများ သက်သာကောင်းမွန်လာခြင်းမရှိသည်ကို သတိပြုမိပါက သမားတော် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနှင့် တိုင်ပင်ရန် မတွန့်ဆုတ်ပါနှင့်။ အာရုံခံမှုကောင်းမွန်စေသော လာနိုလင်(သိုးမှရသောအဆီ) သို့ အခြားပါဝင်ပစ္စည်းများပါဝင်သည့် ထုတ်ကုန်များကို အသုံးမပြုသင့်ပါ။ သွေးကျနေသော (သွေးထွက်နေသည့်) လိပ်ခေါင်းများတွင် အသုံးမပြုပါနှင့်။ အထိမခံနိုင်သည့် (အာရုံခံမှုမြင့်မားသည့်) တုံ့ပြန်မှုများ၊ လက္ခဏာများမှာ ပူလောင်ခြင်း၊ ယားယံခြင်း၊ နာကျင်ခြင်း သို့မဟုတ် အရေပြားနီးမြန်းခြင်းများ ဖြစ်သည်။ အသုံးပြုသည့်အချိန်တွင် ညွှန်ကြားချက်ကို ဖတ်ရန်လိုအပ်သည်။ (၁) ပတ် (၂) ပတ်အတွင်း သင့်ရောဂါလက္ခဏာများ မသက်သာပါက သင့်ဆရာဝန်နှင့် တိုင်ပင်သင့်ပါသည်။

 

 
 

 

 

References:

  1. Guia de hemorroides 2017 https://www.fisterra.com/guias-clinicas/hemorroides/
  1. Parvez Sheikh P, et al. The prevalence, characteristics and treatment of hemorrhoidal disease: results of an international web-based survey. J Comp Eff Res. 2020; 9:1219–1232. Available at : https://pubmed.ncbi.nlm.nih.gov/33079605/
  1. Mayo Clinic. Estilo de vida saludable. Nutrición y comida saludable. Available at: https://www.mayoclinic.org/es-es/healthy-lifestyle/nutrition-and-healthy-eating/in-depth/fiber/art-%2020043983
  1. CuídatePlus. Fibra Available at : https://cuidateplus.marca.com/alimentacion/diccionario/fibra.html
  2. Pérez Alcázar M. Hemorroides hidratación y protección. Farmacia Profesional. 2005;19:62-6. Availabe at : https://docplayer.es/21286639-Hemorroides-hidratacion-y-proteccion.html
  1. de Conte Vila O, Batlle Edo C. Hemorroides clínica y tratamiento. Farmacia Profesional. 2003;17:60-65. Available at : https://www.elsevier.es/es-revista-farmacia-profesional-3-articulo-hemorroides-13056236
  1. EmoflonTM package information [Last accessed: May 2022].

*Adverse physical or mental condition induced in a patient by undesirable or harmful effects of the treatment. (RAE)

ဆောင်းပါးများကို ပိုမိုဖတ်ရှုရန်

wave icon

နာတာရှည် ခြေထောက်သွေးပြန်ကြောအားနည်းရောဂါ နှင့် လိပ်ခေါင်းရောဂါလက္ခဏာများသက်သာစေရန် Daflon ၏အကျိူးအာနိသင်များကို ပိုမိုလေ့လာရန်။

2024