Daflon နှင့်အတူ သက်သာပျောက်ကင်းမှု ရယူပြီး ကာကွယ်ပါ။

Daflonသည် လိပ်ခေါင်းရောဂါလက္ခဏာများကို ထိရောက်စွာ ကုသနိုင်သော သောက်ဆေးဖြစ်သည်။

လိပ်ခေါင်းဆိုတာ ဘာလဲ?

လိပ်ခေါင်းများသည် သင်၏စအိုနှင့် စအိုအောက်ပိုင်းရှိ ရောင်ရမ်းနေသော သွေးပြန်ကြောများနှင့် သွေးကြောထုံးများ ဖြစ်သည်။

wave icon

စအိုအနားရှိ သွေးကြောများ ဖိအားများလာခြင်း ရလဒ်ကြောင့် စအိုအတွင်းပိုင်း (အတွင်းလိပ်ခေါင်း) သို့မဟုတ် စအိုပတ်လည် အရေပြားအောက် (အပြင်လိပ်ခေါင်း)တွင် မကြာခဏ စအိုဝ မအီမသာဖြစ်ခြင်း၊ သွေးထွက်ခြင်း၊ ယားယံခြင်းနှင့် နာကျင်ခြင်းများ ဖြစ်ပေါ်စေနိုင်သည်။

စအိုတဝိုက် မြင်ရသော လိပ်ခေါင်း

လိပ်ခေါင်းက ဘယ်လိုပုံစံရှိလဲ?

သင့်မှာလိပ်ခေါင်း‌ရောဂါရှိလား?

wave icon

လိပ်ခေါင်းရောဂါ လက္ခဏာများသည် များစွာရှိပြီး ကွဲပြားခြားနားသည်။ ပုံမှန်အားဖြင့် လိပ်ခေါင်းရောင်ရမ်းခြင်းသည် စအိုယားယံခြင်းနှင့် မသက်မသာဖြစ်စေသည်။ စအိုတွင်ဖောင်းလာခြင်း၊ စအိုကွဲခြင်း၊ နီရဲလာခြင်းနှင့် ရောင်ရမ်းခြင်း သို့မဟုတ် အိမ်သာသုံးစဥ်အချိန် သွေးကျခြင်းများ ခံစားရနိုင်သည်။ အကယ်၍ သင့်အနေဖြင့် ယင်းကဲ့သို့ ခံစားမှုများ သို့မဟုတ် ပုံတွင်ပါရှိသည့် လက္ခဏာများမှ တခုခုကို ပထမဆုံးအကြိမ်အဖြစ် ခံစားရပြီဆိုပါက (သို့မဟုတ် အကယ်၍သင့်လက္ခဏာများသည် ရက်အနည်းငယ်ကျော်လွန်လာပါက) ကိုယ်တိုင်ကုသမည့်အစား ကျွမ်းကျင်သည့် ကျန်းမာရေးဝန်ထမ်းများနှင့် ဆွေးနွေးတိုင်ပင်သင့်သည်။

ဝမ်းကျန်ခြင်း

ဝမ်းသွားရခက်ခဲခြင်း

သွေးထွက်ခြင်း

သွေးထွက်ခြင်း

ယားယံခြင်း

စအိုယားယံခြင်း

ဝမ်းသွားသည့်အခါ နာကျင်ခြင်း (သို့) ခံရခက်ခြင်း

နာကျင်ခြင်း သို့မဟုတ် သက်သောင့်သက်သာမရှိခြင်း

အလားတူ ခံစားနေရပြီလား?

Daflon သည်လိပ်ခေါင်းရောဂါ ဖြစ်ပေါ်စေသည့် အရင်းခံအကြောင်းအရာကို ကုသပေးသည့်အတွက် ရောဂါလက္ခဏာများကို လျင်မြန်စွာ သက်သာစေသည့် ဆေးဝါးပစ္စည်းဖြစ်သည်။

သင့်ရောဂါလက္ခဏာများကို စောစောကုသပါ။

wave icon

လိပ်ခေါင်းရောဂါလက္ခဏာများသည် ညင်သာပျော့ပျောင်းစွာ စတင်ဖြစ်ပေါ်နိုင်ပြီး ကိုယ်တိုင်ဖြေရှင်း ကုသနိုင်သော်လည်း အမြဲတမ်းအတွက် အဖြေမဟုတ်ပေ။ လိပ်ခေါင်းရောဂါကို ကုသမှုပြုလုပ်ခြင်းနှင့် ကာကွယ်ခြင်း၏ အကျိုးကျေးဇူးများကို နားလည်ထားရမည်။

wave icon

လိပ်ခေါင်းရောဂါကို လူအများမှ ပုံဖော်မြင်‌ယောင်သည့်အခါ အပြင်လိပ်ခေါင်းကိုသာ အများဆုံး ပုံဖော်မိကြသည်။ အပြင်လိပ်ခေါင်းနှင့် အတွင်းလိပ်ခေါင်းသည် ရောဂါတည်နေရာ ကွာခြားပြီး လက္ခဏာများလည်း ကွဲပြားနိုင်သည်။ အပြင်လိပ်ခေါင်းများသည် စအိုပြင်ပတွင်ရှိနေပြီး အာရုံကြောများနှင့် တိုက်ရိုက်ဆက်စပ်သောကြောင့် နာကျင်မှုနှင့် ယားယံမှုကို ခံစားရစေနိုင်သည်။

အတွင်းလိပ်ခေါင်းများသည် စအိုအတွင်းပိုင်းကျသည့် နေရာတွင် ဖြစ်ပေါ်ပြီး အများအားဖြင့် မမြင်တွေ့ရပေ။ ကုသမှုမပြုပဲ နေနိုင်သော်လည်း တခါတရံ စအိုမှ ဖောင်းကားလာပြီး ပြူးထွက်လာတတ်သည်။ ကျွံထွက်လာသည့် လိပ်ခေါင်းများသည့် အတွင်းလိပ်ခေါင်းများဖြစ်ပြီး ဖောင်းကား‌လာြခင်းကြောင့် စအိုမှ ဖောက်ထွက်လာြခင်းဖြစ်သည်။ အတွင်းလိပ်ခေါင်း၏ ပြင်းထန်မှုအခြေအနေကို ဖောင်းထွက်လာသည့် လိပ်ခေါင်းအနေအထားပေါ် အခြေခံပြီး အဆင့်သတ်မှတ်သည့် စနစ်ဖြင့် တိုင်းတာနိုင်သည်။

စအိုအတွင်းကြည့် မှန်ပြောင်းဖြင့်ကြည့်လျှင် မြင်ရသော သွေးထွက်ခြင်း၊ ထိုးထွက်လာခြင်း

အဆင့် 1

အတွင်းပိုင်းသွေးထွက်ခြင်းကို Proctoscope (စအိုအတွင်းကြည့်မှန်ပြောင်း) ဖြင့်ကြည့်နိုင်သည်။ ညှစ်နေစဥ် ထိုးထွက်လာသော်လည်း လိပ်ခေါင်းကျွံထွက်ခြင်းမရှိသေးပေ။

image

ဆက်လက်လေ့လာရန်

အဆင့် 1

ပထမအဆင့်တွင် သွေးထွက်ခြင်း၊ မအီမသာဖြစ်ခြင်း၊ ယားယံခြင်းနှင့် ညှစ်ထုတ်စဥ် ထိုးထွက်လာြခင်းများ ရှိသော်လည်း ကျွံကျလာသည့် အခြေအနေမရှိပါ။ မည်သို့ပင်ဖြစ်စေ ရောဂါအခြေအနေ ပိုမိုဆိုးရွာလာခြင်း မရှိစေရန်အတွက် သင့်အနေဖြင့် ပထမအဆင့်မှာ ဆေးကုမှု ခံယူရန် မဖြစ်မနေလိုအပ်သည်။

image

ပိတ်ပါ

စအိုဝတွင် လိပ်ခေါင်းထွက်လာခြင်းနှင့် သွေးထွက်ခြင်း

အဆင့် 2

ညှစ်နေစဥ်အချိန်တွင် စအိုအဝတွင် ကျွံထွက်ခြင်းနှင့် သွေးထွက်ခြင်းများ မြင်တွေ့ရနိုင်သည်။ ညှစ်ထုတ်မှု မပြုလုပ်သည့်အခါတွင် အလိုအလျောက် အတွင်းသို့ပြန်ဝင်သွားမည်ဖြစ်သည်။

image

ဆက်လက်လေ့လာရန်

အဆင့် 2

ဆေးကုသမှု မပြုလုပ်ပါက သင့်အခြေအနေ ပိုမိုဆိုးရွာလာနိုင်ပြီး အိမ်သာသွားသည့်အခါတိုင်း နာကျင်မှုကို ခံစားရမည်။ ထို့အပြင် သွေးထွက်ခြင်း၊ ညှစ်လိုက်သည့်အခါတွင် လိပ်ခေါင်းထိုးထွက်လာခြင်းများ ဖြစ်လာပြီး လိပ်ခေါင်းကို လက်ဖြင့်ပြန်သွင်းရမည့် အခြေအနေဖြစ်လာနိုင်သည်။

image

ပိတ်ပါ

လက်နှင့် ပြန်ထိုးသွင်းရသော သွေးထွက်လိပ်ခေါင်း

အဆင့် 3

အတွင်းပိုင်းသွေးထွက်ခြင်းကို Proctoscope (စအိုအတွင်းကြည့်မှန်ပြောင်း) ဖြင့်ကြည့်နိုင်သည်။ ညှစ်နေစဥ် ထိုးထွက်လာပြီး ကျွံထွက်လာသည့် လိပ်ခေါင်းကို လက်ဖြင့်ပြန်သွင်းရသည့် အခြေအနေဖြစ်သည်။

image

ဆက်လက်လေ့လာရန်

အဆင့် 3

လိပ်ခေါင်းသည် အဆင့်(၃) သို့ အဆင့်တက်လာသည့်အခါများတွင် သွေးထွက်သည့် အကြိမ်ရေ ပိုများလာပြီး လိပ်ခေါင်းမှာ ညှစ်လိုက်သည့်အချိန်တွင် တင်းရင်းစွာ ထွက်လာြပီး အထဲသို့ လက်ဖြင့်ပြန်သွင်းရမည့် အခြေအနေဖြစ်လာမည်။ ကိုယ်တိုင်ပြန်သွင်းနိုင်သော်လည်း သွေးကြောအတွင်း သွေးခဲခြင်း (သွေးပြန်ကြောအတွင်း သွေများခဲခြင်း) ဖြစ်လာနိုင်ကာ နာကျင်မှု ပိုမိုပြင်းထန်လာမည်ဖြစ်သည်။

image

ပိတ်ပါ

ထိုးသွင်း၍ မရတော့သော အမြဲထွက်နေသည့် လိပ်ခေါင်း

အဆင့် 4

အမြဲတမ်း လိပ်ခေါင်း ကျွံထွက်နေမည်ဖြစ်ကာ ပြန်သွင်းရမပဲ သွေးထွက်ခြင်းနှင့် သွေးဆင်းခြင်းများ ဖြစ်ပေါ်လာမည်။

image

ဆက်လက်လေ့လာရန်

အဆင့် 4

အပြင်းထန်ဆုံးအဆင့် ဖြစ်ပါသည်။ လိပ်ခေါင်း အပြင်သို့ အမြဲထိုးထွက်နေမည်ဖြစ်ပြီး အခြားအဆင့်များကဲ့သို့ နာကျင်မှုမရှိပဲ အတွင်းသို့ ကိုယ်တိုင်ပြန်သွင်း၍ မရနိုင်တော့ပေ။ Daflon ကဲ့သို့သောက်ဆေးများဖြင့် မဖြစ်မနေ ကုသရမည့်အပြင် ခွဲစိတ်ကုသရန်လည်း လိုအပ်လာမည်။

image

ပိတ်ပါ

လိပ်ခေါင်းရောဂါ၏ အဆင့်တိုင်းတွင် ဖြစ်ပွားနိုင်သည့် အဓိကလက္ခဏာရပ်များမှာ သွေးထွက်ခြင်း၊ နာကျင်ခြင်း၊ ယားယံခြင်းနှင့် မအီမသာဖြစ်ခြင်းများ ဖြစ်ပါသည်။

သင်ထိန်းချုပ်နိုင်သည့် ရောဂါဖြစ်ပွားနိုင်သော အချက်များ

လှုပ်ရှားမှု မရှိခြင်း

ဝမ်းချုပ်ခြင်း

အလေးအပင်များ မ ခြင်း

အိမ်သာကြာရှည်စွာထိုင်ခြင်း

သင်မထိန်းချုပ်နိုင်သည့် ရောဂါဖြစ်ပွားနိုင်သော အချက်များ

အသက်အရွယ်

ကိုယ်ဝန်ဆောင်ခြင်း

မျိုးရိုးဗီဇ

လိပ်ခေါင်းရောဂါ ဖြစ်လာနိုင်ခြေ ရှိသည့်အကြောင်းအရင်းတွေက ဘာတွေဖြစ်မလဲ?

wave icon

လိပ်ခေါင်းရောဂါသည် အလွှာပေါင်းစုံမှ လူသားတိုင်း ဖြစ်ပွားနိုင်ပြီး လူတို့၏ သက်တမ်းတလျှောက်တွင် အဆင့်အမျိုးမျိုး တွေ့ကြုံခံစားရနိုင်သည်။ အဓိက ဖြစ်ပွားနိုင်ချေ အမြင့်မားဆုံး အချက်များတွင် နာတာရှည် ဝမ်းချုပ်ခြင်း၊ အဝလွန်ခြင်း၊ အသက်အရွယ်ကြီးရင့်လာခြင်းနှင့် ကိုယ်ဝန်ဆောင်ထားခြင်းတို့ ပါဝင်သည်။ သို့ရာတွင် အခြားသော အကြောင်းအရင်းများစွာ ရှိနိုင်ပြီး အချို့သော အကြောင်းအရင်းများကို သင်ကိုယ်တိုင် အဖြေရှာဖြေရှင်းနိုင်သည်။

လိပ်ခေါင်းရောဂါ ကာကွယ်ခြင်း

wave icon

‌ယေဘုယျအနေဖြင့် လူနေမှုပုံစံ ပြောင်းလဲနေထိုင်ခြင်းသည် လိပ်ခေါင်းရောဂါ ဖြစ်စေနိုင်သည့် ဖိအားများအပေါ် ကာကွယ်နိုင်ရန် အကူအညီပေးနိုင်ပါသည်။ လိပ်ခေါင်းရောဂါကာကွယ်ရန် နေ့စဥ်လှုပ်ရှားမှုများတွင် အောက်ပါအကြံပြုချက်များကို ထည့်သွင်းလုပ်ဆောင်ဖို့ အကြံပြုလိုပါသည်။

အမျှင်ဓာတ်ကြွယ်ဝသည့် အစားအစာများကိုစားသုံးပါ။

အမျှင်ဓာတ် မြင့်မားစွာပါဝင်သည့် အစားအစာများဖြစ်သော သစ်သီးများ၊ ဟင်းသီးဟင်းရွက်များ၊ ဆန်လုံးညို၊ ဂျုံခေါက်ဆွဲ (ပါစတာ) နှင့်ဂျုံမုန့်လုံးများကို များများစားသုံးပါ။ ယင်းအစားအစာများသည် ဝမ်းကိုပျော့စေပြီး ဝမ်းချုပ်ခြင်းမှ ရှောင်ရှားနိုင်ပါသည်။ ( ဝမ်းချုပ်ခြင်းသည် စအိုကိုတင်းရင်းစေကာ လိပ်ခေါင်းဖြစ်စေနိုင်သည်)

လေ့ကျင့်ခန်း

လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ခြင်းသည် ကြွက်သားများကို ပြေလျော့ရန် ကူညီပေးပြီး အနာကျက်စေရန်အတွက်လည်း သွေးလည်ပတ်မှုကို တိုးစေသည်။

အရည်များများ သောက်သုံးပါ။

အရည်များများ သောက်သုံးခြင်း (အထူးသဖြင့်‌ရေ) သည် ဝမ်းပျော့စေရန် ကူညီပေးနိုင်သည်။

အမှန်တကယ် ဝမ်းသွားချင်မှသာ အိမ်သာသွားပါ။

အိမ်သာတွင်ထိုင်၍ ဝမ်းသွားရန် စောင့်ဆိုင်းခြင်းသည် မစင်ကိုခြောက်သွေ့စေပြီး စွန့်ထုတ်ရန် ပိုမိုခက်ခဲစေနိုင်သည်။

အမျှင်ဓာတ်ပါသော ဖြည့်စွက်စာများ စားသုံးပါ။

အမျှင်ဓာတ်ပါဝင်သည့် ဖြည့်စွက်စာများသည် သင်၏ နေ့စဥ်အစားအသောက်များတွင် အမျှင်ဓာတ် လုံလောက်စွာမပါရှိသည့် ပြဿနာကို ဖြေရှင်းပေးနိုင်သည်။

အချိန်ကြာကြာထိုင်ခြင်းကို ရှောင်ကြဉ်ပါ။

အိမ်သာတွင် အချိန်ကြာမြင့်စွာ ထိုင်ခြင်းသည် စအိုအနီးရှိ သွေးပြန်ကြောများတွင် ဖိအားတိုးစေပြီး လိပ်ခေါင်းထွက်ခြင်း / ကျွံထွက်လာခြင်း ဖြစ်နိုင်ချေများ ပိုတိုးစေသည်။

အလွန်အမင်း မညှစ်ပါနှင့်။

အိမ်သာသွားစဥ် အလွန်အမင်း ညှစ်ထုတ်ခြင်းသည် သွေးကြောများကို မလိုလားအပ်သည့် ဖိအားများ ပိုမိုသက်ရောက်စေကာ ထိလွယ်ရှလွယ်သည့် ဧရိယာကို အခြေအနေပိုမိုဆိုးရွားစေသည်။

လူနေမှုပုံစံ ပြောင်းလဲခြင်းအပြင် ရောဂါလက္ခဏာ သက်သာပျောက်ကင်းစေရန် စနစ်တကျ ကုသမှု ခံယူပါ။

အမေးများသည့် မေးခွန်းများ

wave icon

Daflon အတွက်ဆေးစာ လိုအပ်ပါသလား?

Daflon သည်ဆေးဆိုင်မှာ ကိုယ်တိုင်ဝယ်ယူ ကုသနိုင်သည့် သောက်ဆေးဖြစ်ပါသည်။ သင့်အနေဖြင့် Daflon ကို ရရှိနိုင်ရန် ခက်ခဲ့ပါက ဆေးဝါးကျွမ်းကျင်သူထံ မေးမြန်းနိုင်ပါသည်။ နေထိုင်သည့်နေရာပေါ်မူတည်ကာ အွန်လိုင်းမှ အမှာစာတင်နိုင်သည်။

Daflon ကို ဘာအတွက်အသုံးပြုသလဲ။

Daflon သည် လိပ်ခေါင်းရောဂါနှင့် ဆက်စပ်သည့် လက္ခဏာများဖြစ်သည့် သွေးထွက်ခြင်း၊ စအိုပေါက်ထွက်ခြင်း၊ နာကျင်ခြင်း၊ ဖူးရောင်ခြင်း၊ ယားယံခြင်း၊ နီမြန်းခြင်း (နီရဲခြင်း)၊ မအီမသာဖြစ်ခြင်း၊ ဝမ်းသွားရန် လိုအပ်ခြင်း၊ ရောင်ရမ်းနာကျင်ခြင်း (ဖောရောင်ခြင်း) များကို လျော့ကျပေးနိုင်သည့် သောက်ဆေးဖြစ်သည်။

လိပ်ခေါင်းရောဂါအတွက် Daflonကို နည်းစနစ်မှန်မှန် ဘယ်လိုသောက်ရမလဲ?

Daflon 1000mg ကိုသောက်သုံးမယ်ဆိုပါက ပထမ (၄) ရက်တွင် တစ်နေ့ ဆေး (၃) လုံး၊ ဒုတိယ (၃) ရက်တွင် တစ်နေ့ ဆေး (၂) လုံး သောက်သုံးပါ။ Daflon 500mg ကိုသောက်သုံးမယ်ဆိုပါက ပထမ (၄) ရက်တွင် တစ်နေ့ ဆေး (၆) လုံး၊ ဒုတိယ (၃) ရက်တွင် တစ်နေ့ ဆေး (၄) လုံး သောက်သုံးပါ။

Daflon ကိုအချိန်ဘယ်လောက်ကြာ သောက်သုံးရမလဲ?

လိပ်ခေါင်းရောဂါအတွက် သတ်မှတ်ထားသော ဆေးညွှန်းအတိုင်း (၁) ပတ် သောက်သုံးရမည်ဖြစ်ပြီး အချိန်ဘယ်လောက်ကြာ ဆက်လက်သောက်သုံးရမည်ကို ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။

ဆေးများစွာ သောက်သုံးနေသူဖြစ်ပြီး Daflon ကိုအခြားဆေးများနှင့် တွဲဖက်သောက်သုံးလို့ရသလား?

သင့်အနေဖြင့် Daflon ကိုအခြားဆေးများနှင့် တွဲဖက်သောက်သုံးခြင်းသည် ဘေးကင်းစိတ်ချရနိုင်သလား ဆိုသည်ကို ဆရာဝန်နှင့် ဆွေးနွေးရန် လိုအပ်ပါသည်။

Daflon ကဘာဆေးလဲ?

Daflon တွင်အဓိကပါဝင်သည့် ပစ္စည်းမှာ အသေးစိတ်သန့်စင်ထားသည့် Flavonoid (MPPF )(အပင်များတွင်ပါဝင်သည့် ဓာတ်ပေါင်း) ဖြစ်သည်။ ယင်းဓာတ်ပေါင်းတွင် diosmin ၉၀% နှင့် အခြားသော Flavonoid အမျိုးအစားဖြစ်သည့် hesperidin ၁၀ % ပါဝင်သည်။

Micronized ကဘာကိုဆိုလိုတာလဲ?

Micronized ဆိုသည်မှာ ပိုမိုစုပ်ယူနိုင်စေရန် အရာဝတ္တုတခုကို အလွန်သေးငယ်စွာ အနုစိတ်ခွဲခြမ်း စိတ်ဖြာထားခြင်း လုပ်ငန်းစဥ်ကို ဆိုလိုခြင်း ဖြစ်သည်။

Daflon ဘယ်လောက်ထိဘေးကင်းသလဲ?

Daflon ကိုဘေးထွက်ဆိုးကျိုးစမ်းသပ်ထားရာတွင် ဆိုးကျိူးအနည်းငယ်သာတွေ့ရပြီး များသောအားဖြင့်ကတော့ မပြင်းထန်သလို အချိန်အကြာကြီးဖြစ်တာမျိုးလည်းမရှိပါဘူး။ဖြစ်နိုင်ချေရှိသည့် ဘေးထွက်ဆိုးကျိူးများကတော့ အာရုံခံစနစ်လွန်ကဲခြင်း ၊ဓါတ်မတည့်ခြင်း ၊အစာအိမ်နဲ့ အူလမ်းကြောင်းမအီမသာဖြစ်ခြင်း၊မူးဝေခြင်း၊ခေါင်းကိုက်ခြင်း၊မအီမသာဖြစ်ခြင်းနှင့်အရေပြားတုံ့ပြန်မှုများဖြစ်ပေါ်ခြင်းများပါဝင်သည်၊၊

ဘေးကင်းရေး သတင်းအချက်အလက်:

ဒက်ဖလွန် ၅၀၀မီလီဂရမ် ဘေးကင်းရေး သတင်းအချက်အလက်

ဒက်ဖလွန် ၅၀၀: အနုစိတ်သေးငယ်သောအောင်ပြုလုပ်ထားသော ဖလေဗိုနွိုက် ၅၀၀ မီလီဂရမ်၊ ဒိုင်အောက်စမင် ၄၅၀ မီလီဂရမ် နှင့် ၅၀ မီလီဂရမ် ဖလေဗိုနွိုက်အဖြစ် ဟက်စ်ပရေဒင် ပါဝင်ပါသည်။ အသုံးပြုနိုင်သော ရောဂါများ နာတာရှည်ခြေထောက်သွေးပြန်ကြော အားနည်းရောဂါ၏ လက္ခဏာများဖြစ်သည့် ခြေထောက်လေးလံခြင်း၊ နာကျင်ခြင်း၊ ညညကြွက်တက်ခြင်းတို့အား ကုသခြင်း၊ လိပ်ခေါင်းရောဂါ ဝေဒနာလက္ခဏာများအား ကုသခြင်း၊ နာတာရှည်ခြေထောက်သွေးပြန်ကြောအားနည်းရောဂါအတွက် ဆေးအညွှန်း တစ်နေ့လျှင် ၁၀၀၀ မီလီဂရမ်။ လိပ်ခေါင်းရောဂါအရေးပေါ်အခြေအနေ အတွက် တစ်နေ့လျှင် နေ့စဥ် ၃၀၀၀ မီလီဂရမ်အထိ တိုးမြှင့်သောက်နိုင်သည်။ သုံးစွဲရန် မသင့်တော်ခြင်းတက်ကြွသော ဓာတ် သို့မဟုတ် ဓာတ်ပစ္စည်းတစ်ခုခုနှင့် မတည့်ခြင်း။ သတိပေးချက်များပြင်းထန်သောလိပ်ခေါင်းရောဂါလက္ခဏာများကို ကုသရန်အတွက်ညွှန်းဆိုထားခြင်းဖြစ်ပြီး တခြားသော စအိုနှင့်ပတ်သက်သောရောဂါအခြေအနေများကုသရန်မဟုတ်ပါ။ ဆေးသောက်နေသော်လည်း ရောဂါလက္ခဏာများ မသက်သာလာပါက စအိုတွင်းစစ်ဆေးခြင်းများနှင့်ဆေးကုသမှုပုံစံကို ပြန်ပြီး စစ်ဆေးရန်လိုအပ်ပါသည်။

ဓာတ်ပစ္စည်းများဆိုဒီယမ်ဓာတ်ကင်းစင်သည်။ ကိုယ်ဝန်ဆောင်ခြင်း/နို့တိုက်ခြင်းရှိပါက ကုထုံးကိုရှောင်သင့်သည်။ မလိုလားအပ်သောအကျိုးသက်ရောက်မှုများ

အဖြစ်များသောလက္ခဏာများ : ဝမ်းပျက်ဝမ်းလျှောခြင်း၊ အစာမကြေခြင်း၊ ပျို့အန်ခြင်း၊ အော့အန်ခြင်း။ အဖြစ်နည်းသော လက္ခဏာများ : မူးဝေခြင်း၊ ခေါင်းကိုက်ခြင်း၊ နာမကျန်းဖြစ်ခြင်း၊ ယားယံခြင်း၊ အင်ပျဥ်ထခြင်း။ အဖြစ်နည်းသော : အူရောင်ခြင်း။ ဖြစ်သောအကြိမ်ရောမသိရှိရသော လက္ခဏာများ : ဗိုက်အောင့်ဗိုက်နာခြင်း၊ မျက်နှာ နှုတ်ခမ်းနှင့် မျက်ခွံ ရောင်ရမ်းခြင်း။ ထူးခြားသောကွင်းကီးဖောရောင်ခြင်း။ လွန်ကဲစွာသုံးစွဲခြင်းဂုဏ်သတ္တိများသွေးကြောများ ကာကွယ်ခြင်းနှင့် သွေးပြန်ကြောအားနည်းခြင်းကို သက်သာစေခြင်း။ သွေးပြန်ကြောစနစ်များကို ပြန်လည်လုပ်ဆောင်သည် : ၎င်းသည် သွေးပြန်ကြောများဖောရောင်ခြင်းနှင့် သွေးပြန်ကြောများ၏ညစ်အား နှေးခြင်းကို လျှော့ချပေးသည်၊ သွေးပြန်ကြောငယ်များလည်ပတ်မှုတွင် ၎င်းသည်ဆံချည်မျှင်သွေးကြောလေးများအပေါ် အကျိုးသက်ရောက်မှုရှိပြီး အားဖြည့်ပေးသည်။Servier ဓာတ်ခွဲခန်းများ၊ 50 rue Carnot၊ 92284 Suresnes cedex ပြင်သစ်။ www.servier.com * အချက်အလက်အပြည့်အစုံအတွက်၊ သင့်နိုင်ငံအတွက် ထုတ်လုပ်ထားသော ထုတ်ကုန်အညွှန်းအကျဥ်းချုပ်တွင် ဖတ်ရှုပါ။

ဒက်ဖလွန် ၁၀၀၀မီလီဂရမ် ဘေးကင်းရေး သတင်းအချက်အလက်

ဒက်ဖလွန် ၁၀၀၀: အနုစိတ်သေးငယ်သောအောင်ပြုလုပ်ထားသော ဖလေဗိုနွိုက် ၁၀၀၀ မီလီဂရမ်၊ ဒိုင်အောက်စမင် ၉၀၀ မီလီဂရမ် နှင့် ၁၀၀ မီလီဂရမ် ဖလေဗိုနွိုက်အဖြစ် ဟက်စ်ပရေဒင် ပါဝင်ပါသည်။

အသုံးပြုနိုင်သော ရောဂါများ နာတာရှည်ခြေထောက်သွေးပြန်ကြော အားနည်းရောဂါ၏ လက္ခဏာများဖြစ်သည့် ခြေထောက်လေးလံခြင်း၊ နာကျင်ခြင်း၊ ညညကြွက်တက်ခြင်းတို့အား ကုသခြင်း၊ လိပ်ခေါင်းရောဂါ ဝေဒနာလက္ခဏာများအား ကုသခြင်း၊ နာတာရှည်ခြေထောက်သွေးပြန်ကြောအားနည်းရောဂါအတွက် ဆေးအညွှန်း တစ်နေ့လျှင် ၁၀၀၀ မီလီဂရမ်။ လိပ်ခေါင်းရောဂါအရေးပေါ်အခြေအနေ အတွက် တစ်နေ့လျှင် နေ့စဥ် ၃၀၀၀ မီလီဂရမ်အထိ တိုးမြှင့်သောက်နိုင်သည်။ သုံးစွဲရန် မသင့်တော်ခြင်းတက်ကြွသော ဓာတ် သို့မဟုတ် ဓာတ်ပစ္စည်းတစ်ခုခုနှင့် မတည့်ခြင်း။ သတိပေးချက်များ ပြင်းထန်သောလိပ်ခေါင်းရောဂါလက္ခဏာများကို ကုသရန်အတွက်ညွှန်းဆိုထားခြင်းဖြစ်ပြီး တခြားသော စအိုနှင့်ပတ်သက်သောရောဂါအခြေအနေများကုသရန်မဟုတ်ပါ။ ဆေးသောက်နေသော်လည်း ရောဂါလက္ခဏာများ မသက်သာလာပါက စအိုတွင်းစစ်ဆေးခြင်းများနှင့်ဆေးကုသမှုပုံစံကို ပြန်ပြီး စစ်ဆေးရန်လိုအပ်ပါသည်။

ဓာတ်ပစ္စည်းများဆိုဒီယမ်ဓာတ်ကင်းစင်သည်။ ကိုယ်ဝန်ဆောင်ခြင်း/နို့တိုက်ခြင်းရှိပါက ကုထုံးကိုရှောင်သင့်သည်။ မလိုလားအပ်သောအကျိုးသက်ရောက်မှုများ

အဖြစ်များသောလက္ခဏာများ : ဝမ်းပျက်ဝမ်းလျှောခြင်း၊ အစာမကြေခြင်း၊ ပျို့အန်ခြင်း၊ အော့အန်ခြင်း။ အဖြစ်နည်းသော လက္ခဏာများ : မူးဝေခြင်း၊ ခေါင်းကိုက်ခြင်း၊ နာမကျန်းဖြစ်ခြင်း၊ ယားယံခြင်း၊ အင်ပျဥ်ထခြင်း။ အဖြစ်နည်းသော : အူရောင်ခြင်း။ ဖြစ်သောအကြိမ်ရောမသိရှိရသော လက္ခဏာများ : ဗိုက်အောင့်ဗိုက်နာခြင်း၊ မျက်နှာ နှုတ်ခမ်းနှင့် မျက်ခွံ ရောင်ရမ်းခြင်း။ ထူးခြားသောကွင်းကီးဖောရောင်ခြင်း။ လွန်ကဲစွာသုံးစွဲခြင်းဂုဏ်သတ္တိများသွေးကြောများ ကာကွယ်ခြင်းနှင့် သွေးပြန်ကြောအားနည်းခြင်းကို သက်သာစေခြင်း။ သွေးပြန်ကြောစနစ်များကို ပြန်လည်လုပ်ဆောင်သည် : ၎င်းသည် သွေးပြန်ကြောများဖောရောင်ခြင်းနှင့် သွေးပြန်ကြောများ၏ညစ်အား နှေးခြင်းကို လျှော့ချပေးသည်၊ သွေးပြန်ကြောငယ်များလည်ပတ်မှုတွင် ၎င်းသည်ဆံချည်မျှင်သွေးကြောလေးများအပေါ် အကျိုးသက်ရောက်မှုရှိပြီး အားဖြည့်ပေးသည်။Servier ဓာတ်ခွဲခန်းများ၊ 50 rue Carnot၊ 92284 Suresnes cedex ပြင်သစ်။ www.servier.com * အချက်အလက်အပြည့်အစုံအတွက်၊ သင့်နိုင်ငံအတွက် ထုတ်လုပ်ထားသော ထုတ်ကုန်အညွှန်းအကျဥ်းချုပ်တွင် ဖတ်ရှုပါ။

ကိုးကားချက်များ

  1. Shelygin Y, Krivokapic Z, Frolov SA, et al. Clinical acceptability study of micronized purified flavonoid fraction 1000 mg tablets versus 500 mg tablets in patients suffering acute hemorrhoidal disease. Curr Med Res Opin. 2016;32(11):1821-1826.
  2. Lohsiriwat V et al. Hemorrhoids: From basic pathophysiology to clinical Management World.
  3. Journal of Gastroenterology 2012. May 7;18 (17): 2009-2017. Chronic venous and HemORrhoidal diseases evalUation and Scientific research; Godeberge P.J Gastroenerol Hepatol. 2020;35:557-87
  4. Godeberge, Sheikh, Lohsiriwat, Jalife, Shelygin. Micronized purified flavonoid fraction in the treatment of hemorrhoidal disease. J Comp Eff Res 2021; 10(10):801-813. Misra M. et al.. British Journal of Surgery 2000, 87, 868-872.

2024