လေးလံနာကျင်သောခြေထောက်များနှင့် သွေးကြောထုံးများအတွက် Daflon

နာတာရှည် ခြေထောက်သွေးပြန်ကြော အားနည်းရောဂါအတွက် ဆေးညွှန်းမလိုပဲ ဝယ်ယူနိုင်သည့် ဆရာဝန်များ ထောက်ခံချက်များစွာ ရရှိထားသောဆေး

ခြေထောက်လေးလံခြင်း၊ နာကျင်ခြင်း၊ သွေးကြောထုံးခြင်းအတွက် သောက်ဆေး Daflon 1000mg

Daflon ကဘယ်လိုအလုပ်လုပ်ဆောင်လဲ?

wave icon

သွေးပြန်ကြောဆိုင်ရာ ကုထုံးဖြစ်သည့် Daflon သည် သွေးပြန်ကြောများ သန်မာအားကောင်းစေပြီး ခြေထောက်သွေးပြန်ကြောများ ကျန်းမာစေရန် ကူညီပေးပါသည်။ Daflon တွင် လုပ်ဆောင်ချက် နှစ်ခုရှိသည်။ ရောင်ရမ်းမှုကို လျှော့ချပြီး သွေးပြန်ကြောများကို ကာကွယ်ခြင်းဖြင့် ရောဂါလက္ခဏာများကို တိုက်ရိုက်သက်သာစေသလို ဆံခြည်မျှင်သွေးကြောလေးများ သို့မဟုတ် သေးငယ်သော သွေးပြန်ကြောများကို ကာကွယ်ပေးပြီး သွေးလည်ပတ်မှုကို တိုးတက်ကောင်းမွန်စေခြင်းအားဖြင့်လည်း ရောင်ရမ်းမှု လက္ခဏာများကို လျော့ကျသက်သာစေပါသည်။

ရောင်ရမ်းမှုကို လျှော့ချပြီး သွေးပြန်ကြောများကို ကာကွယ်ပေးသည့် Daflon

ခြေထောက်နာကျင်မှုကို အတွင်းပိုင်းထိ ထိရောက်စွာ ကုသပေးခြင်း

wave icon

Daflon သည် ဆေးသိပ္ပံနည်းလမ်းများစွာဖြင့် သက်သေပြထားနိုင်သည့် ဆေးအာနိသင်အကောင်းဆုံး သောက်ဆေးဖြစ်ပါသည်။ အထူးသဖြင့် အူနံရံမှစုပ်ယူနိုင်မှု အမြင့်ဆုံးရရှိနိုင်ရန် အထူးဖော်စပ်ထားပါသည်။ အူနံရံမှအစွမ်းထွက်ဆုံး စုပ်ယူနိုင်စွမ်းရှိသည့် Daflonဆိုသည့် အဓိပ္ပာယ်မှာ Daflon အနေဖြင့် ပြဿနာ အရင်းအမြစ်အထိ ရောက်ရှိနိုင်ခြင်း၊ သွေးပြန်ကြောအတွင်းပိုင်းအထိ အကျိုးသက်ရောက်မှုရှိခြင်း၊ သွေးပြန်ကြောများ၏ ကြံ့ခိုင်မှုနှုန်း ကောင်းမွန်တိုးတက်စေခြင်း၊ ရောဂါပြန့်ပွားကြီးထွားနှုန်းကို ကာကွယ်ပေးနိုင်သည့်အပြင် ခြေထောက်တွင် ခံစားနေရသည့် လေးလံနာကျင်မှု ဝေဒနာများကို သက်သာလျော့ပါစေခြင်း ဖြစ်ပါသည်။

၈ပတ်ကြာ စောင့်ကြည့်ထားသော Daflon ၏ ဆေးအာနိသင်

၄ပတ်

၈ပတ်

ခြေထောက် နာကျင်မှု

50%

63%

လေးလံသောခံစားမှု

50%

65%

ရောင်ရမ်းသောခံစားမှု

50%

63%

ရောဂါလက္ခဏာများ သက်သာစေသည့်

wave icon

Daflon သည် နာတာရှည် သွေးပြန်ကြော အားနည်းရောဂါ လက္ခဏာရပ်များကို ကုသရန်အတွက် ဆရာဝန်များမှ အကြံပြုထားသည့် ဆေးညွှန်းမလိုအပ်ပဲ ဝယ်ယူနိုင်သော ဆေးအမျိုးအစားဖြစ်ပါသည်။ ဆေးသိပ္ပံဆိုင်ရာ လေ့လာချက်များအရ Daflon သည် ခြေထောက်များ နာကျင်ခြင်း၊ လေးလံခြင်းနှင့်‌ ရောင်ရမ်းခြင်း လက္ခဏာများကိုတွေ့ရှိချက်များအရသိရသည်။ ဆေးအာနိသင် ပိုမိုကောင်းမွန်စေရန် အကြံပြုထားသည့် ဆေးညွှန်းများအတိုင်း ဆေးကိုသောက်သုံးသင့်သည်။ ရောဂါအခြေအနေကို စောင့်ကြည့်ပြီး လိုအပ်ပါက ဆရာဝန်များနှင့် ဆွေး‌နွေးသင့်ပါသည်။

သဘာဝကုန်ကြမ်းများမှ ရယူပြီး သိပ္ပံနည်းကျ ထုတ်လုပ်ထားသည်။

wave icon

Daflon တွင်အဓိက ပါဝင်ပစ္စည်းများသည် အသေးစိတ်သန့်စင်ထားသည့် Flavonoid (MPPF )(အပင်များတွင်ပါဝင်သည့် ဓာတ်ပေါင်း) တွင် diosmin ၉၀% နှင့် အခြားသော Flavonoid အမျိုးအစားဖြစ်သည့် hesperidin ၁၀ % ပါဝင်သည်။ Daflon ၏ Flavonoids ကို မရင့်မှည့်သေးသော လိမ္မော်သီးမှ သဘာဝအတိုင်း ကြွယ်ဝစွာ ထွက်ပေါ်လာသည့် ဇီဝဓာတုပစ္စည်းမှ ထုတ်ယူထားခြင်းဖြစ်သည်။ ဒြပ်ပေါင်းများကို ထုတ်လုပ်ရာတွင် ဒြပ်မှုန်များကို အရှိန်ပြင်းထန်စွာ အချင်းချင်းတိုက်မိစေခြင်းဖြင့် သေးငယ်သည်အနုစိတ်အရွယ်အစား 2 μm အောက် (အနုစိတ်ခြင်း) လျော့ချစေပြီး သန့်စင်ခြင်းနှင့် အမှုန်များဖယ်ရှားခြင်းလုပ်ငန်းစဥ်များကို လုပ်ဆောင်ထားပါသည်။ ယင်းကဲ့သို့ သေးငယ်အနုစိတ်သည့် အမှုန်များကို ခန္ဓာကိုယ်မှ လွယ်ကူစွာြဖင့် နှစ်ဆပိုစုပ်ယူနိုင်ခြင်းဖြင့် Daflon ၏ အဓိက ပါဝင်ပစ္စည်းမှ သွေးပြန်ကြောများ ကျန်းမာရေးကို တိုးတက်စေပြီး နာတာရှည် သွေးပြန်ကြောအားနည်းခြင်းနှင့် လိပ်ခေါင်းရောဂါများကို ကုသပေးနိုင်ပါသည်။

Daflon ထုတ်လုပ်ပုံ အဆင့်ဆင့်

ဘေးကင်းရေး သတင်းအချက်အလက်:

ဒက်ဖလွန် ၅၀၀မီလီဂရမ် ဘေးကင်းရေး သတင်းအချက်အလက်

ဒက်ဖလွန် ၅၀၀: အနုစိတ်သေးငယ်သောအောင်ပြုလုပ်ထားသော ဖလေဗိုနွိုက် ၅၀၀ မီလီဂရမ်၊ ဒိုင်အောက်စမင် ၄၅၀ မီလီဂရမ် နှင့် ၅၀ မီလီဂရမ် ဖလေဗိုနွိုက်အဖြစ် ဟက်စ်ပရေဒင် ပါဝင်ပါသည်။ အသုံးပြုနိုင်သော ရောဂါများ နာတာရှည်ခြေထောက်သွေးပြန်ကြော အားနည်းရောဂါ၏ လက္ခဏာများဖြစ်သည့် ခြေထောက်လေးလံခြင်း၊ နာကျင်ခြင်း၊ ညညကြွက်တက်ခြင်းတို့အား ကုသခြင်း၊ လိပ်ခေါင်းရောဂါ ဝေဒနာလက္ခဏာများအား ကုသခြင်း၊ နာတာရှည်ခြေထောက်သွေးပြန်ကြောအားနည်းရောဂါအတွက် ဆေးအညွှန်း တစ်နေ့လျှင် ၁၀၀၀ မီလီဂရမ်။ လိပ်ခေါင်းရောဂါအရေးပေါ်အခြေအနေ အတွက် တစ်နေ့လျှင် နေ့စဥ် ၃၀၀၀ မီလီဂရမ်အထိ တိုးမြှင့်သောက်နိုင်သည်။ သုံးစွဲရန် မသင့်တော်ခြင်း တက်ကြွသော ဓာတ် သို့မဟုတ် ဓာတ်ပစ္စည်းတစ်ခုခုနှင့် မတည့်ခြင်း။ သတိပေးချက်များ ပြင်းထန်သောလိပ်ခေါင်းရောဂါလက္ခဏာများကို ကုသရန်အတွက်ညွှန်းဆိုထားခြင်းဖြစ်ပြီး တခြားသော စအိုနှင့်ပတ်သက်သောရောဂါအခြေအနေများကုသရန်မဟုတ်ပါ။ ဆေးသောက်နေသော်လည်း ရောဂါလက္ခဏာများ မသက်သာလာပါက စအိုတွင်းစစ်ဆေးခြင်းများနှင့်ဆေးကုသမှုပုံစံကို ပြန်ပြီး စစ်ဆေးရန်လိုအပ်ပါသည်။

ဓာတ်ပစ္စည်းများဆိုဒီယမ်ဓာတ်ကင်းစင်သည်။ ကိုယ်ဝန်ဆောင်ခြင်း/နို့တိုက်ခြင်းရှိပါက ကုထုံးကိုရှောင်သင့်သည်။ မလိုလားအပ်သောအကျိုးသက်ရောက်မှုများ

အဖြစ်များသောလက္ခဏာများ : ဝမ်းပျက်ဝမ်းလျှောခြင်း၊ အစာမကြေခြင်း၊ ပျို့အန်ခြင်း၊ အော့အန်ခြင်း။ အဖြစ်နည်းသော လက္ခဏာများ : မူးဝေခြင်း၊ ခေါင်းကိုက်ခြင်း၊ နာမကျန်းဖြစ်ခြင်း၊ ယားယံခြင်း၊ အင်ပျဥ်ထခြင်း။ အဖြစ်နည်းသော : အူရောင်ခြင်း။ ဖြစ်သောအကြိမ်ရောမသိရှိရသော လက္ခဏာများ : ဗိုက်အောင့်ဗိုက်နာခြင်း၊ မျက်နှာ နှုတ်ခမ်းနှင့် မျက်ခွံ ရောင်ရမ်းခြင်း။ ထူးခြားသောကွင်းကီးဖောရောင်ခြင်း။ လွန်ကဲစွာသုံးစွဲခြင်း ဂုဏ်သတ္တိများသွေးကြောများ ကာကွယ်ခြင်းနှင့် သွေးပြန်ကြောအားနည်းခြင်းကို သက်သာစေခြင်း။ သွေးပြန်ကြောစနစ်များကို ပြန်လည်လုပ်ဆောင်သည် : ၎င်းသည် သွေးပြန်ကြောများဖောရောင်ခြင်းနှင့် သွေးပြန်ကြောများ၏ညစ်အား နှေးခြင်းကို လျှော့ချပေးသည်၊ သွေးပြန်ကြောငယ်များလည်ပတ်မှုတွင် ၎င်းသည်ဆံချည်မျှင်သွေးကြောလေးများအပေါ် အကျိုးသက်ရောက်မှုရှိပြီး အားဖြည့်ပေးသည်။Servier ဓာတ်ခွဲခန်းများ၊ 50 rue Carnot၊ 92284 Suresnes cedex ပြင်သစ်။ www.servier.com * အချက်အလက်အပြည့်အစုံအတွက်၊ သင့်နိုင်ငံအတွက် ထုတ်လုပ်ထားသော ထုတ်ကုန်အညွှန်းအကျဥ်းချုပ်တွင် ဖတ်ရှုပါ။

ဒက်ဖလွန် ၁၀၀၀မီလီဂရမ် ဘေးကင်းရေး သတင်းအချက်အလက်

ဒက်ဖလွန် ၁၀၀၀: အနုစိတ်သေးငယ်သောအောင်ပြုလုပ်ထားသော ဖလေဗိုနွိုက် ၁၀၀၀ မီလီဂရမ်၊ ဒိုင်အောက်စမင် ၉၀၀ မီလီဂရမ် နှင့် ၁၀၀ မီလီဂရမ် ဖလေဗိုနွိုက်အဖြစ် ဟက်စ်ပရေဒင် ပါဝင်ပါသည်။

အသုံးပြုနိုင်သော ရောဂါများ နာတာရှည်ခြေထောက်သွေးပြန်ကြော အားနည်းရောဂါ၏ လက္ခဏာများဖြစ်သည့် ခြေထောက်လေးလံခြင်း၊ နာကျင်ခြင်း၊ ညညကြွက်တက်ခြင်းတို့အား ကုသခြင်း၊ လိပ်ခေါင်းရောဂါ ဝေဒနာလက္ခဏာများအား ကုသခြင်း၊ နာတာရှည်ခြေထောက်သွေးပြန်ကြောအားနည်းရောဂါအတွက် ဆေးအညွှန်း တစ်နေ့လျှင် ၁၀၀၀ မီလီဂရမ်။ လိပ်ခေါင်းရောဂါအရေးပေါ်အခြေအနေ အတွက် တစ်နေ့လျှင် နေ့စဥ် ၃၀၀၀ မီလီဂရမ်အထိ တိုးမြှင့်သောက်နိုင်သည်။ သုံးစွဲရန် မသင့်တော်ခြင်း တက်ကြွသော ဓာတ် သို့မဟုတ် ဓာတ်ပစ္စည်းတစ်ခုခုနှင့် မတည့်ခြင်း။ သတိပေးချက်များ ပြင်းထန်သောလိပ်ခေါင်းရောဂါလက္ခဏာများကို ကုသရန်အတွက်ညွှန်းဆိုထားခြင်းဖြစ်ပြီး တခြားသော စအိုနှင့်ပတ်သက်သောရောဂါအခြေအနေများကုသရန်မဟုတ်ပါ။ ဆေးသောက်နေသော်လည်း ရောဂါလက္ခဏာများ မသက်သာလာပါက စအိုတွင်းစစ်ဆေးခြင်းများနှင့်ဆေးကုသမှုပုံစံကို ပြန်ပြီး စစ်ဆေးရန်လိုအပ်ပါသည်။

ဓာတ်ပစ္စည်းများဆိုဒီယမ်ဓာတ်ကင်းစင်သည်။ ကိုယ်ဝန်ဆောင်ခြင်း/နို့တိုက်ခြင်းရှိပါက ကုထုံးကိုရှောင်သင့်သည်။ မလိုလားအပ်သောအကျိုးသက်ရောက်မှုများ

အဖြစ်များသောလက္ခဏာများ : ဝမ်းပျက်ဝမ်းလျှောခြင်း၊ အစာမကြေခြင်း၊ ပျို့အန်ခြင်း၊ အော့အန်ခြင်း။ အဖြစ်နည်းသော လက္ခဏာများ : မူးဝေခြင်း၊ ခေါင်းကိုက်ခြင်း၊ နာမကျန်းဖြစ်ခြင်း၊ ယားယံခြင်း၊ အင်ပျဥ်ထခြင်း။ အဖြစ်နည်းသော : အူရောင်ခြင်း။ ဖြစ်သောအကြိမ်ရောမသိရှိရသော လက္ခဏာများ : ဗိုက်အောင့်ဗိုက်နာခြင်း၊ မျက်နှာ နှုတ်ခမ်းနှင့် မျက်ခွံ ရောင်ရမ်းခြင်း။ ထူးခြားသောကွင်းကီးဖောရောင်ခြင်း။ လွန်ကဲစွာသုံးစွဲခြင်း ဂုဏ်သတ္တိများ သွေးကြောများ ကာကွယ်ခြင်းနှင့် သွေးပြန်ကြောအားနည်းခြင်းကို သက်သာစေခြင်း။ သွေးပြန်ကြောစနစ်များကို ပြန်လည်လုပ်ဆောင်သည် : ၎င်းသည် သွေးပြန်ကြောများဖောရောင်ခြင်းနှင့် သွေးပြန်ကြောများ၏ညစ်အား နှေးခြင်းကို လျှော့ချပေးသည်၊ သွေးပြန်ကြောငယ်များလည်ပတ်မှုတွင် ၎င်းသည်ဆံချည်မျှင်သွေးကြောလေးများအပေါ် အကျိုးသက်ရောက်မှုရှိပြီး အားဖြည့်ပေးသည်။Servier ဓာတ်ခွဲခန်းများ၊ 50 rue Carnot၊ 92284 Suresnes cedex ပြင်သစ်။ www.servier.com * အချက်အလက်အပြည့်အစုံအတွက်၊ သင့်နိုင်ငံအတွက် ထုတ်လုပ်ထားသော ထုတ်ကုန်အညွှန်းအကျဥ်းချုပ်တွင် ဖတ်ရှုပါ။

ကိုးကားချက်များ

  1. IQVIA Daflon sales data MAT Q2 2021
  2. Adapted from Nicolaides A, Kakkos S, Baekgaard N, et al. Management of chronic venous disorders of the lower limbs. Guidelines according to scientific evidence. Part I. Int Angiol. 2018;37(3):181-254.1
  3. Garner RC, Garner JV, Gregory S, Whattam M, Calam A, Leong D. Comparison of the absorption of micronized (Daflon 500 mg) and nonmicronized 14C-diosmin tablets after oral administration to healthy volunteers by accelerator mass spectrometry and liquid scintillation counting. J Pharm Sci. 2002;91:32-40.
  4. Gilly R, Pillion G, Frileux C. Evaluation of a new venoactive micronized flavonoid fraction (S 5682) in symptomatic disturbances of the venolymphatic circulation of the lower limb: a double-blind, placebo-controlled study. Phlebology. 1994;9:67-70.
  5. Pascarella L, Lulic D, Penn AH, et al. Mechanisms in experimental venous valve failure and their modification by Daflon 500 mg. Eur J Vasc Endovasc Surg. 2008;35(1):102-110.
  6. Summary of Product Characteristics Daflon

2024