Daflon(ဒက်ဖလွန်) နှင့်အတူ သက်သာပျောက်ကင်းမှု ရယူပါ။

Daflon (ဒက်ဖလွန်) သည် ခြေထောက်နာကျင်ခြင်း၊ သွေးကြောထုံးခြင်း၊ ခြေထောက်သွေးပြန်ကြော မကောင်းခြင်း တို့ကို ထိရောက်စွာ ကုသနိုင်သော သောက်ဆေးဖြစ်သည်။

သင်ခံစားနေရသော လက္ခဏာများနှင့် ရောဂါဖြစ်နိုင်ချေကို ဆန်းစစ်ရန် မေးခွန်းတို (၅)ခုကို ဖြေဆိုကြည့်ပါ။

လက္ခဏာများကို ဆန်းစစ်ကြည့်ပါ။

ခြေထောက်လေးလံခြင်း၊ နာကျင်ခြင်း ခံစားနေရပါသလား?

wave icon

ခြေထောက်တွင် သွေးများကောင်းစွာမလည်ပတ်နိုင်ခြင်းကြောင့် သွေးများစုလာပြီး ခြေထောက်များ လေးလံခြင်း၊ နာကျင်ခြင်းနှင့် ရောင်ရမ်းခြင်းများ ဖြစ်လာနိုင်ပါသည်။ သွေးများခြေထောက်တွင် များလာခြင်းသည် အချိန်ကာလ ကြာလာသည်နှင့်အမျှ ခြေထောက်သွေးပြန်ကြောများ၏ ကြံ့ခိုင်မှုကို ထိခိုက်လာပြီး နာတာရှည်ခြေထောက်သွေးပြန်ကြော အားနည်းခြင်းရောဂါလက္ခဏာများဆီသို့ ဦးတည်ဖြစ်ပွားစေနိုင်ပါသည်။

သွေးလည်ပတ်မှုကောင်းသည့် ကျန်းမာသော သွေးပြန်ကြော

ကျန်းမာသန်စွမ်းသောသွေးပြန်ကြောများ

ကျန်းမာကောင်းမွန်သည့် သွေးပြန်ကြောများတွင် သွေးများနောက်ပြန်စီးဆင်းခြင်းကို ကာကွယ်တားဆီးပေးမည့် သေးငယ်သော အဆို့ရှင်များရှိသည်။

သွေးလည်ပတ်မှု မကောင်းသည့် မကျန်းမာသော သွေးပြန်ကြော

မကျန်းမာသော သွေးပြန်ကြောများ

သွေးပြန်ကြောနံရံများ ပျက်စီးသွားသည့်အခါတွင် သွေးပြန်ကြောများ အလုပ်ကောင်းစွာ မလုပ်နိုင်တော့ပဲ သွေးပြန်ကြောများအတွင်း သွေးများနောက်ပြန်စီးဆင်းကာ ခြေထောက်အောက်ပိုင်းတွင် သွေးများစုပုံလာြခင်း ရလဒ်ကို ဖြစ်ပေါ်စေသည်။ ယင်းအခြေအနေသည် သွေးပြန်ကြောများကို ကျယ်သွားစေကာ အချိန်ကြာလာသည်နှင့်အမျှ ပိုမိုဆိုးရွားလာနိုင်ပြီး ခံရခက်သော လက္ခဏာရပ်များကို ဖြစ်ပေါ်စေနိုင်သည်။

သွေးစီးဆင်းမှုမကောင်းသော လက္ခဏာများ

wave icon

ခြေထောက်တွင် သွေးလည်ပတ်မှု မကောင်းကြောင်း ပြသနေသည့် လက္ခဏာရပ်များ ရှိပါသည်။ အကယ်၍ သင့်အနေဖြင့် အောက်ဖော်ပြပါ လက္ခဏာရပ်များကို သင့်ခြေထောက်များနှင့် ခြေကျင်းဝတ်များတွင် ခံစားနေရပါက ပိုမိုမဆိုးရွားခင် ဆေးကုသမှုကို ခံယူသင့်ပါသည်။

ခြေထောက်လေးလံခြင်း၊ နာကျင်ခြင်းနှင့် ရောင်ရမ်းခြင်း

ခြေထောက်များ လေးလံခြင်း၊ နာကျင်ခြင်း (သို့) ရောင်ရမ်းခြင်း

ခြေထောက်ညောင်းခြင်း

ခြေထောက်ညောင်းခြင်း

ခြေထောက်ကြွက်တက်ခြင်း

ကြွက်တက်ခြင်း သို့မဟုတ် ခြေထောက်နာကျင်ခြင်း

ပင့်ကူမျှင် သွေးကြောများ (သို့) ခြေထောက်သွေးကြောထုံးခြင်း

ပင့်ကူမျှင်သွေးကြောများ သို့မဟုတ် သွေးကြောထုံးများ

အလားတူ ခံစားနေရပြီလား?

အကယ်၍ သင်သည် ဖော်ပြပါလက္ခဏာများထဲမှာ အနည်းဆုံးတစ်ခု ပုံမှန်ခံစားနေရပါက မိမိကိုယ်မိမိ အကဲဖြတ်စစ်ဆေးနိုင်သည့် မေးခွန်းများကို ဖြေကြားပြီး ထွက်လာသည့် အဖြေများပေါ်မူတည်ပြီး နောက်တစ်ဆင့်အတွက် အကူအညီရယူနိုင်ပါသည်။

မိမိကိုယ်ကို အကဲဖြတ်စစ်ဆေးခြင်းစတင်ရန်။

သင်၏ရောဂါလက္ခဏာများကို စောလျင်စွာကုသပါ။

wave icon

လေးလံနာကျင်သော ခြေထောက်များနှင့် ရောင်ရမ်းခြင်းများသည် နာတာရှည် ခြေထောက်သွေးပြန်ကြော အားနည်းခြင်း၏ ရှေ့ပြေးလက္ခဏာရပ်များ ဖြစ်နိုင်သည်။ ကုသမှုမပြုလုပ်ပဲ ထားရှိပါက အဆိုပါ လက္ခဏာများ ပိုမိုပြင်းထန်လာပြီး ပင့်ကူမျှင်သွေးကြောများ၊ သွေးကြောထုံးများနှင့် ခြေ‌ထောက်တွင်ပြည်တည်နာများ ဖြစ်ပေါ်လာနိုင်သည်။ ဤတွင်ပြထားသည့်အတိုင်း ရောဂါလက္ခဏာများ၏ ပြင်းထန်မှုပေါ်မူတည်၍ ရောဂါ၏အဆင့်များကို အဆင့် ၀ မှ ၆ အထိ ဖော်ပြထားပါသည်။

ခြေထောက်လေးလံ နာကျင်ခြင်း

အဆင့် 0

ခြေထောက်လေးလံခြင်း၊ နာကျင်ခြင်း

image

ဆက်လက်လေ့လာရန်

အဆင့် 0

ခြေထောက်လေးလံခြင်း၊ နာကျင်ခြင်း

ပထမအဆင့်တွင် သွေးပြန်ကြော ရောဂါ လက္ခဏာများကို မြင်နိုင်မည်မဟုတ်ပေ။ သို့ရာတွင် ထိခိုက်ပျက်စီးမှုများသည် သွေးကြောအတွင်းတွင် စတင်နေပြီးဖြစ်ပြီး သွေးလည်ပတ်မှု မကောင်းခြင်း ဆက်တိုက်ဖြစ်ပေါ်လာပါက အချိန်တိုအတွင်း ပိုမိုဆိုးရွားလာနိုင်သည့်အတွက် သင့်အနေဖြင့် ခြေထောက်လေးလံခြင်းနှင့် နာကျင်ခြင်း လက္ခဏာများကိုသာ ခံစားရစေကာမူ ဆေးကုသမှု စတင်ခံယူသင့်ပြီဖြစ်ပါသည်။

image

ပိတ်ပါ

ပင့်ကူမျှင် သွေးကြောများ

အဆင့် 1

ပင့်ကူမျှင်/ကွန်ယက်ပုံစံသွေးကြောများ

image

ဆက်လက်လေ့လာရန်

အဆင့် 1

ပင့်ကူမျှင်/ကွန်ယက်ပုံစံသွေးကြောများ

ကနဦးအခြေအနေမှ ‌ရောဂါလက္ခဏာများကို လျစ်လျူရှုထားခြင်းသည် ပိုမိုဆိုးရွားသည့် အနေအထားသို့ ဖြစ်ပေါ်စေနိုင်ပြီး သွေးပြန်ကြောများ သို့မဟုတ် ပင့်ကူမျှင်သွေးကြောများနှင့် မြင်နိုင်သည့်သွေးကြောများကို ပျက်စီးစေနိုင်ပါသည်။ ယင်းအခြေအနေတွင် နာကျင်မှုကို မခံစားရသော်လည်း ခြေထောက်သွေးပြန်ကြော ပြဿနာများ၏ အရေးကြီးသော ညွှန်ပြချက်တစ်ခုဖြစ်သည်။ အခြေအနေ လက္ခဏာရပ်များသည် လျင်မြန်စွာ တိုးတက်ဖြစ်ပေါ်နိုင်တာကြောင့် ကနဦးလက္ခဏာများကို လျစ်လျူမရှုမိစေရန် အရေးကြီးသည်။

image

ပိတ်ပါ

သွေးကြောထုံးများ

အဆင့် 2

မြင်နိုင်သော‌သွေးကြောထုံးများ

image

ဆက်လက်လေ့လာရန်

အဆင့် 2

မြင်နိုင်သော‌သွေးကြောထုံးများ

ကုသမှုမခံယူပါက သွေးပြန်ကြောများ ပုံမှန်အနေအထားမဟုတ်ပဲ ကျယ်လာပြီ ဆန့်ထွက်မှုအခြေအနေ ဖြစ်ပေါ်လာခြင်းနှင့် သွေးကြောများ တွန့်လိမ်ကောက်ကွေးလာကာ အဆင့်(၁)မှ အဆင့်(၂) သို့ပြောင်းလဲလာမည်။ ခြေထောက်များနှင့် ခြေချင်းဝတ်များတွင်ရှိသော သွေးပြန်ကြောများ ဖောင်းတက်ခြင်းသည့် နာတာရှည် သွေးပြန်ကြောအားနည်းရောဂါ၏ သိသာထင်ရှားသည့် လက္ခဏာရပ်တခုဖြစ်သည်။

image

ပိတ်ပါ

ခြေထောက်နှင့် ခြေကျင်းဝတ်တဝိုက် ရောင်ရမ်းခြင်း

အဆင့် 3

ခြေချင်းဝတ်နှင့် ခြေထောက်များရောင်ရမ်းခြင်း

image

ဆက်လက်လေ့လာရန်

အဆင့် 3

ခြေချင်းဝတ်နှင့် ခြေထောက်များရောင်ရမ်းခြင်း

အဆင့်(၃)တွင် သွေးပြန်ကြောနံရံများနှင့် အဆို့ရှင်များ အခြေအနေ ဆိုးရွားယိုယွင်းလာခြင်းကြောင့် ဖိအားများနှင့် ယိုစိမ့်မှု အနေအထားများ ပိုမိုများပြားလာပြီး ဖောယောင်ခြင်း(ရောင်ရမ်းခြင်း) ဖြစ်ပေါ်လာနိုင်ပါသည်။

image

ပိတ်ပါ

ခြေထောက်အရောင်ပြောင်းခြင်း

အဆင့် 4

အရေပြားများပြောင်းလဲခြင်း

image

ဆက်လက်လေ့လာရန်

အဆင့် 4

အရေပြားများပြောင်းလဲခြင်း

ဆိုးရွားတဲ့ သွေးလည်ပတ်မှု ဖြစ်စဥ်များ ဆက်တိုက်ခံစားလာရခြင်းသည် အဆင့်(၄)သို့ ဦးတည်စေပြီး ခြေကျင်းဝတ်ပတ်လည်ရှိ အရေပြားမှာ မဲမှောင်လာခြင်း (လွန်ကဲစွာအရောင်ပြောင်းလဲခြင်း)၊ နီရဲလာခြင်း၊ ‌ခြောက်သွေ့လာခြင်း၊ ယားယံခြင်း (သွေးပြန်ကြောနှင်းခူ)၊ နူးညံ့သောတစ်သျှူးများ မာကြောလာခြင်းနှင့် အဖြူကွက်များ ဆက်တိုက်တိုးပွားလာခြင်း အစရှိသည့် လက္ခဏာများ ဖြစ်လာနိုင်သည်။

image

ပိတ်ပါ

အနာကျက်သော ပြည်တည်နာများ

အဆင့် 5

အနာကျက်သော ပြည်တည်နာများ ဖြစ်ပေါ်လာခြင်း

image

ဆက်လက်လေ့လာရန်

အဆင့် 5

အနာကျက်သော ပြည်တည်နာများ ဖြစ်ပေါ်လာခြင်း

အဆင့် ၅ သည်အရေပြားအနာများ (ပြည်တည်နာများ) ပွင့်သွားသော်လည်း ပျောက်ကင်းသွားနိုင်သည့်အခြေအနေဖြစ်ပါသည်။ ထိုအနာများက သင့်ကိုနာကျင်စေကာ လှုပ်ရှားရခက်ခဲစေပြီး သင့်လူမှုဘဝကို ထိခိုက်နိုင်စေပါသည်။

image

ပိတ်ပါ

အနာမကျက်သော ပြည်တည်နာများ

အဆင့် 6

အနာမကျက်သော ပြည်တည်နာများ ဖြစ်ပေါ်လာခြင်း

image

ဆက်လက်လေ့လာရန်

အဆင့် 6

အနာမကျက်သော ပြည်တည်နာများ ဖြစ်ပေါ်လာခြင်း

အဆင့် ၆ သို့ရောက်ရှိပါက သင့်ခြေထောက်ပေါ်တွင် အနာများ (ပြည်တည်နာများ)ပြန်လည်ဖြစ်ပေါ်ပါမည်။ ဤအဆင့်တွင် အတွင်းပိုင်း၌ သွေးလည်ပတ်မှု ပိုပြီးယိုယွင်းလာကာ သွေးကြောမျှင်များအတွင်း ယိုစိမ့်မှု ပိုမိုများပြားလာပါသည်။

image

ပိတ်ပါ

အကယ်၍ သင်အနေဖြင့် အောက်ဖော်ပြပါ မည်သည့်လက္ခဏာရပ်များနှင့်မဆို ကြုံတွေ့ခံစားနေရပါက ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်ကာ သင့်လျော်သော ကုသမှု ခံယူသင့်ပါသည်။

ရောဂါလက္ခဏာများကို သိရှိကာ ကုသခြင်းဖြင့် ရောဂါပိုမဆိုးစေရန်နှင့် နေ့စဥ်လူမှုဘဝ မထိခိုက်စေရန် ကာကွယ်နိုင်ပါသည်။

သင်ထိန်းချုပ်နိုင်သည့် ရောဂါဖြစ်ပွားနိုင်သော အချက်များ

အချိန်ကြာမြင့်စွာ မတ်တပ်ရပ်ခြင်း

ကိုယ်အလေးချိန်လွန်ကဲခြင်း

သင်ထိန်းချုပ်၍ မရနိုင်သော ရောဂါဖြစ်ပွားနိုင်သည့်အချက်များ

အသက်အရွယ်

လိင်အမျိုးအစား

မျိုးရိုးဗီဇ

သွေးလည်ပတ်မှုကို ထိခိုက်စေသည့် အကြောင်းအရာများ

wave icon

နာတာရှည်ခြေထောက်သွေးပြန်ကြော အားနည်းရောဂါကို ဖြစ်ပေါ်စေသော အဓိကကျသည့် အကြောင်းအရာများစွာ ရှိသည့်အနက် အချို့ကို သင်ထိန်းချုပ်၍ မရနိုင်သော်လည်း ကျန်အချက်များကို သင့်အနေဖြင့် အဆင့်ဆင့် ပြုပြင်ပြောင်းလဲနိုင်ပါသည်။

wave icon

အမျိုးသမီးများမှာ ပုံမှန်အားဖြင့် ပိုမိုဖြစ်ပွားနိုင်ပြီး မိသားစုတွင်းမျိုးရိုးလိုက်ခြင်းနှင့် အသက်အရွယ်ကြီးရင့်လာသည်နှင့်အမျှ ရောဂါလက္ခဏာများ တိုးပွားဖြစ်ပွားနိုင်ချေ ရာခိုင်နှုန်းမြင့်မားနိုင်သည်။ သွေးပြန်ကြောအားနည်းခြင်း ပြဿနာများ ဖြစ်ပေါ်စေနိုင်သည့် အဝလွန်ခြင်း၊ လှုပ်ရှားမှုနည်းခြင်း စသည့် နေ့စဥ်လူနေမှုဘဝဆိုင်ရာ အချက်များကို သင့်အနေဖြင့် စတင်ပြောင်းလဲနိုင်ပါသည်။ သူနာပြုများ၊ ဆရာ၊ဆရာမများနှင့် ယင်းကဲ့သို့ လုပ်ငန်းနယ်ပယ်များတွင် အချိန်ကြာမြင့်စွာ ရပ်နေရသူများ သို့မဟုတ် ထိုင်နေရသူများအတွက် ရောဂါဖြစ်နိုင်ချေအန္တရာယ် ပိုမိုများပြားသည်။

ကျန်းမာသော ခြေထောက်များအတွက် အကြံပြုချက်

wave icon

ရိုးရှင်းလွယ်ကူသော အလေ့အကျင့်များကို သင့်နေ့စဥ်ဘဝတွင် ကျင့်သုံးပေးခြင်းဖြင့် သင့်ခြေထောက်များကို သက်သောင့်သက်သာ ရှိစေနိုင်ပါသည်။ ထိုကဲ့သို့ လုပ်ဆောင်မှုများသည် ခြေထောက်တွင် သွေးများစုပုံလာြခင်းနှင့် ယင်း၏အကျိုးဆက်အနေဖြင့် သွေးပြန်ကြောများပျက်စီးခြင်းကို ကာကွယ်ပေးနိုင်မည်ဖြစ်သည်။

တက်တက်ကြွကြွနေထိုင်ပါ။

ပုံမှန်လေ့ကျင့်ခန်း ပြုလုပ်ခြင်းသည် သွေးလည်ပတ်မှု ကောင်းမွန်စေရန် ကူညီပေးနိုင်ပြီး ခြေထောက်ကြွက်သားများကို သန်မာစေသည်။

သွေးပြန်ကြောညှစ်အား ကောင်းစေသည့် အသားကပ်ခြေအိတ်ကို ဝတ်ဆင်ပါ။

ခြေထောက်များရှိ သွေးလည်ပတ် စီးဆင်းမှုကို ကန့်သတ်စေနိုင်ပြီး နာတာရှည် သွေးပြန်ကြော အားနည်းခြင်း အန္တရာယ်ကို ပိုမိုဆိုးရွားနိုင်သည့် တင်းကျပ်သော အဝတ်များ ဝတ်ဆင်ခြင်းကို ရှရှောင်ကြဉ်ပါ။

ကျန်းမာရေးနှင့် ညီညွတ်သော ကိုယ်အလေးချိန်ကို ထိန်းသိမ်းပါ။

အဝလွန်ခြင်းသည် ခြေထောက်မှ သွေးပြန်ကြောများကို ပိတ်ဆို့စေခြင်း (သို့မဟုတ်) အားနည်းစေခြင်းများ ဖြစ်ပေါ်ရန် အထောက်အကူဖြစ်စေသည့်အတွက် ကိုယ်အလေးချိန်ကို သတိပြုစောင့်ကြည့်ရမည်။

‌‌ဒေါက်မြင့်ဖိနပ်များကို ဝတ်ခြင်း ရှောင်ကြဉ်ပါ။

‌ခြေထောက်အောက်ပိုင်း လှုပ်ရှားမှုများကို လှုံ့ဆော်နိူင်ရန်အတွက် ဒေါက်မြင့်ဖိနပ်နှင့် ပါးလွှာသောဖိနပ်များထက် အလယ်အလတ်‌မြင့်သည့် ‌ဒေါက်ဖိနပ်ကို ရွေးချယ်ပါ။

ချောင်ချိပြီး သက်သောင့်သက်သာရှိသည့် အဝတ်များ ဝတ်ဆင်ပါ။

ခြေထောက်များရှိ သွေးလည်ပတ်မှုများကို ကန့်သတ်စေပြီး နာတာရှည် ခြေထောက်သွေးပြန်ကြော အားနည်းခြင်း အခြေအနေကို ဆိုးရွားစေနိုင်သော တင်းကျပ်လွန်သည့် အဝတ်များ ဝတ်ဆင်ခြင်းမှ ရှောင်ရှားပါ။

အေးသည့်နေရာတွင်နေပါ။

အပူချိန်မြင့်သည့်အချိန်တွင် သွေးပြန်ကြောများ ကျယ်လာပြီး သွေးများအိုင်ထွန်းလာကာ ခြေထောက်များ လေလံခြင်းနှင့် ပင်ပန်းနွမ်းနယ်ခြင်းကို ခံစားရနိုင်သည်။

ပုံမှန်လှုပ်ရှားမှုပြုလုပ်ပါ။

ခြေထောက်တွင် သွေးများစုပုံလာခြင်းကို ကာကွယ်ရန်နှင့် နှလုံးသို့ သွေးများကောင်းစွာ စီးဆင်းပို့ဆောင်နိုင်ရန်အတွက် ကြာရှည်စွာ ထိုင်ခြင်း သို့မဟုတ် မတ်တပ်ရပ်ခြင်းကို ရှောင်ကြဉ်ပါ။

သင့်ခြေထောက်များကို မြှင့်တင်ထားပါ။

အနားယူချိန်တွင် ခြေထောက်ထားကို မြှင့်တင်ထားပြီး သွေးများနှလုံးစီသို့ ကောင်းစွာစီးဆင်းနိုင်ရန် ခြေထောက်နှစ်ချောင်း ထပ်ထားခြင်းကို ရှောင်ရှားပါ။

လူနေမှုပုံစံ ပြုပြင်ပြောင်းလဲခြင်းအပြင် ရောဂါလက္ခဏာ သက်သာပျောက်ကင်းစေရန် စနစ်တကျ ကုသမှု ခံယူပါ။

အမေးများသောမေးခွန်းများ

wave icon

နာတာရှည်ခြေထောက်သွေးပြန်ကြော အားနည်းခြင်းကို ကုသခြင်းသည် ခြေထောက်များ၏ ကြံ့ခိုင်ကျန်းမာမှုကို ထိန်းသိမ်းရန် မရှိမဖြစ်လိုအပ်သည်။ သင့်အနေဖြင့် ယင်းကဲ့သို့ ဆိုးရွားသည့်အခြေအနေဆိုးများကို ခံစားနေရသည်ဟု ယူဆရပါက သင့်အတွက် အကောင်းဆုံး ကုသမှု(များ)နည်းလမ်းကို ကျွမ်းကျင်သော ကျန်းမာရေးစောင့်‌ရှောက်မှု ကျွမ်းကျင်သူများနှင့် ဆွေးနွေးပါ။

Daflon ကိုဘာအတွက် အသုံးပြုရတာလဲ?

Daflon သည် အပျော့စားမှ အလယ်အလတ်အဆင့်ရှိ နာတာရှည် ခြေထောက်သွေးပြန်ကြော အားနည်းခြင်း ‌ရောဂါလက္ခဏာများဖြစ်သည့် သွေးကြောထုံးခြင်းနှင့် ပင့်ကူမျှင်သွေးကြောများဖြစ်ပေါ်ခြင်း၊ ခြေထောက်နာကျင်ခြင်း၊ ကြွက်တက်ခြင်းနှင့် ခြေထောက်လေးလံခြင်း အစရှိသည့် ရောဂါအခြေအနေနှင့် လက္ခဏာများကို ကုသနိုင်သည့် သောက်ဆေးဖြစ်ပါသည်။ ထို့အပြင် နောက်ဆက်တွဲ ဆက်စပ်လက္ခဏာြဖစ်သည့် ခြေထောက်အောက်ပိုင်း ဖောရောင်ခြင်း အခြေအနေကိုလည်း သက်သာစေရန် အကူအညီပေးနိုင်သည်။

Daflon အတွက်ဆေးစာ လိုအပ်ပါသလား?

Daflon သည်ဆေးဆိုင်မှာ ကိုယ်တိုင်ဝယ်ယူ ကုသနိုင်သည့် သောက်ဆေးဖြစ်ပါသည်။ သင့်အနေဖြင့် Daflon ကို ရရှိနိုင်ရန် ခက်ခဲ့ပါက ဆေးဝါးကျွမ်းကျင်သူထံ မေးမြန်းနိုင်ပါသည်။

Daflon ၏အလုပ်လုပ်ဆောင်ပုံကဘယ်လိုလဲ?

Daflon သည် သွေးလည်ပတ်မှု ကောင်းမွန်စေရန်အတွက်‌ သွေးပြန်ကြောများ အားကောင်းစေခြင်း၊ နာကျင်မှုများ၊ ခြေထောက်အောက်ပိုင်း ရောင်ရမ်းခြင်းနှင့် ခြေ‌ထောက်များလေးလံမှုကိုခံစားရခြင်းများကို လျော့ကျသက်သာရန် လုပ်ဆောင်ပေးနိုင်သည်။ Daflon သည်သွေးပြန်ကြောများ အားကောင်းစေပြီး သွေးပြန်ကြောရှိ သွေးလည်ပတ်မှုကို တိုးတက်ကောင်းမွန်ရန် လုပ်ဆောင်ပေးသည်။ ခြေထောက် သွေးပြန်ကြောဆိုင်ရာ ရောဂါလက္ခဏာများဖြစ်သည့် လေးလံခြင်း၊ နာကျင်ခြင်းနှင့် ရောင်ရမ်းခြင်းများကို လျော့ကျစေရန် ကူညီပေးသည်။

Daflon ကဘာဆေးလဲ?

Daflon တွင်အဓိကပါဝင်သည့် ပစ္စည်းမှာ အသေးစိတ်သန့်စင်ထားသည့် Flavonoid (MPPF )(အပင်များတွင်ပါဝင်သည့် ဓာတ်ပေါင်း) ဖြစ်သည်။ ယင်းဓာတ်ပေါင်းတွင် diosmin ၉၀% နှင့် အခြားသော Flavonoid အမျိုးအစားဖြစ်သည့် hesperidin ၁၀ % ပါဝင်သည်။

Micronized ကဘာကိုဆိုလိုတာလဲ?

Micronized ဆိုသည်မှာ ပိုမိုစုပ်ယူနိုင်စေရန် အရာဝတ္တုတခုကို အလွန်သေးငယ်စွာ အနုစိတ်ခွဲခြမ်း စိတ်ဖြာထားခြင်း လုပ်ငန်းစဥ်ကို ဆိုလိုခြင်း ဖြစ်သည်။

နာတာရှည် ခြေထောက်သွေးပြန်ကြော အားနည်းခြင်းအတွက် Daflon ကိုနည်းလမ်းမှန်စွာ ဘယ်လိုသောက်ရမလဲ?

Daflon 1000mg တစ်နေ့လျှင် ဆေး (၁) လုံး အကယ်၍ Daflon 1000mg မရရှိပါက Daflon 500mg တစ်နေ့လျှင် ဆေး (၂) လုံး အစာနှင့်အတူဖြစ်စေ (သို့မဟုတ်) ကျန်းမာရေးဝန်ထမ်းများ၏ ဆေးညွှန်းအတိုင်းဖြစ်စေ ရိုးရှင်းစွာပင် သောက်နိုင်ပါသည်။

Daflon ကို အချိန်ဘယ်လောက်ကြာကြာ သောက်သင့်လဲ?

Daflon ကိုဖြစ်ပေါ်နေသည့် အခြေအနေပေါ်မူတည်ကာ စနစ်တကျ သောက်သုံးပြီး ကုသမှု ခံယူရမည်ဖြစ်သည်။ သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါကျွမ်းကျင်ပညာရှင်မှ ဆေးသောက်ရန်မလိုအပ်ဟု ညွှန်ကြားမှု မရှိပါက ဆက်လက်သောက်သုံးသင့်ကြောင်း အကြံပြုထားပါသည်။

ဆေးများစွာ သောက်သုံးနေသူဖြစ်ပြီး Daflon ကိုအခြားဆေးများနှင့် တွဲဖက်သောက်သုံးလို့ရသလား?

သင့်အနေဖြင့် Daflon ကိုအခြားဆေးများနှင့် တွဲဖက်သောက်သုံးခြင်းသည် ဘေးကင်းစိတ်ချရနိုင်သလား ဆိုသည်ကို ဆရာဝန်နှင့် ဆွေးနွေးရန် လိုအပ်ပါသည်။

Daflon ဘယ်လောက်ထိဘေးကင်းသလဲ?

Daflon ကိုဘေးထွက်ဆိုးကျိုးစမ်းသပ်ထားရာတွင် ဆိုးကျိူးအနည်းငယ်သာတွေ့ရပြီး များသောအားဖြင့်ကတော့ မပြင်းထန်သလို အချိန်အကြာကြီးဖြစ်တာမျိုးလည်းမရှိပါဘူး။ဖြစ်နိုင်ချေရှိသည့် ဘေးထွက်ဆိုးကျိူးများကတော့ အာရုံခံစနစ်လွန်ကဲခြင်း ၊ဓါတ်မတည့်ခြင်း ၊အစာအိမ်နဲ့ အူလမ်းကြောင်းမအီမသာဖြစ်ခြင်း၊မူးဝေခြင်း၊ခေါင်းကိုက်ခြင်း၊မအီမသာဖြစ်ခြင်းနှင့်အရေပြားတုံ့ပြန်မှုများဖြစ်ပေါ်ခြင်းများပါဝင်သည်၊၊

ဘေးကင်းရေး သတင်းအချက်အလက်:

ဒက်ဖလွန် ၅၀၀မီလီဂရမ် ဘေးကင်းရေး သတင်းအချက်အလက်

ဒက်ဖလွန် ၅၀၀: အနုစိတ်သေးငယ်သောအောင်ပြုလုပ်ထားသော ဖလေဗိုနွိုက် ၅၀၀ မီလီဂရမ်၊ ဒိုင်အောက်စမင် ၄၅၀ မီလီဂရမ် နှင့် ၅၀ မီလီဂရမ် ဖလေဗိုနွိုက်အဖြစ် ဟက်စ်ပရေဒင် ပါဝင်ပါသည်။ အသုံးပြုနိုင်သော ရောဂါများ နာတာရှည်ခြေထောက်သွေးပြန်ကြော အားနည်းရောဂါ၏ လက္ခဏာများဖြစ်သည့် ခြေထောက်လေးလံခြင်း၊ နာကျင်ခြင်း၊ ညညကြွက်တက်ခြင်းတို့အား ကုသခြင်း၊ လိပ်ခေါင်းရောဂါ ဝေဒနာလက္ခဏာများအား ကုသခြင်း၊ နာတာရှည်ခြေထောက်သွေးပြန်ကြောအားနည်းရောဂါအတွက် ဆေးအညွှန်း တစ်နေ့လျှင် ၁၀၀၀ မီလီဂရမ်။ လိပ်ခေါင်းရောဂါအရေးပေါ်အခြေအနေ အတွက် တစ်နေ့လျှင် နေ့စဥ် ၃၀၀၀ မီလီဂရမ်အထိ တိုးမြှင့်သောက်နိုင်သည်။ သုံးစွဲရန် မသင့်တော်ခြင်းတက်ကြွသော ဓာတ် သို့မဟုတ် ဓာတ်ပစ္စည်းတစ်ခုခုနှင့် မတည့်ခြင်း။ သတိပေးချက်များပြင်းထန်သောလိပ်ခေါင်းရောဂါလက္ခဏာများကို ကုသရန်အတွက်ညွှန်းဆိုထားခြင်းဖြစ်ပြီး တခြားသော စအိုနှင့်ပတ်သက်သောရောဂါအခြေအနေများကုသရန်မဟုတ်ပါ။ ဆေးသောက်နေသော်လည်း ရောဂါလက္ခဏာများ မသက်သာလာပါက စအိုတွင်းစစ်ဆေးခြင်းများနှင့်ဆေးကုသမှုပုံစံကို ပြန်ပြီး စစ်ဆေးရန်လိုအပ်ပါသည်။

ဓာတ်ပစ္စည်းများဆိုဒီယမ်ဓာတ်ကင်းစင်သည်။ ကိုယ်ဝန်ဆောင်ခြင်း/နို့တိုက်ခြင်းရှိပါက ကုထုံးကိုရှောင်သင့်သည်။ မလိုလားအပ်သောအကျိုးသက်ရောက်မှုများ

အဖြစ်များသောလက္ခဏာများ : ဝမ်းပျက်ဝမ်းလျှောခြင်း၊ အစာမကြေခြင်း၊ ပျို့အန်ခြင်း၊ အော့အန်ခြင်း။ အဖြစ်နည်းသော လက္ခဏာများ : မူးဝေခြင်း၊ ခေါင်းကိုက်ခြင်း၊ နာမကျန်းဖြစ်ခြင်း၊ ယားယံခြင်း၊ အင်ပျဥ်ထခြင်း။ အဖြစ်နည်းသော : အူရောင်ခြင်း။ ဖြစ်သောအကြိမ်ရောမသိရှိရသော လက္ခဏာများ : ဗိုက်အောင့်ဗိုက်နာခြင်း၊ မျက်နှာ နှုတ်ခမ်းနှင့် မျက်ခွံ ရောင်ရမ်းခြင်း။ ထူးခြားသောကွင်းကီးဖောရောင်ခြင်း။ လွန်ကဲစွာသုံးစွဲခြင်းဂုဏ်သတ္တိများသွေးကြောများ ကာကွယ်ခြင်းနှင့် သွေးပြန်ကြောအားနည်းခြင်းကို သက်သာစေခြင်း။ သွေးပြန်ကြောစနစ်များကို ပြန်လည်လုပ်ဆောင်သည် : ၎င်းသည် သွေးပြန်ကြောများဖောရောင်ခြင်းနှင့် သွေးပြန်ကြောများ၏ညစ်အား နှေးခြင်းကို လျှော့ချပေးသည်၊ သွေးပြန်ကြောငယ်များလည်ပတ်မှုတွင် ၎င်းသည်ဆံချည်မျှင်သွေးကြောလေးများအပေါ် အကျိုးသက်ရောက်မှုရှိပြီး အားဖြည့်ပေးသည်။Servier ဓာတ်ခွဲခန်းများ၊ 50 rue Carnot၊ 92284 Suresnes cedex ပြင်သစ်။ www.servier.com * အချက်အလက်အပြည့်အစုံအတွက်၊ သင့်နိုင်ငံအတွက် ထုတ်လုပ်ထားသော ထုတ်ကုန်အညွှန်းအကျဥ်းချုပ်တွင် ဖတ်ရှုပါ။

ဒက်ဖလွန် ၁၀၀၀မီလီဂရမ် ဘေးကင်းရေး သတင်းအချက်အလက်

ဒက်ဖလွန် ၁၀၀၀: အနုစိတ်သေးငယ်သောအောင်ပြုလုပ်ထားသော ဖလေဗိုနွိုက် ၁၀၀၀ မီလီဂရမ်၊ ဒိုင်အောက်စမင် ၉၀၀ မီလီဂရမ် နှင့် ၁၀၀ မီလီဂရမ် ဖလေဗိုနွိုက်အဖြစ် ဟက်စ်ပရေဒင် ပါဝင်ပါသည်။

အသုံးပြုနိုင်သော ရောဂါများ နာတာရှည်ခြေထောက်သွေးပြန်ကြော အားနည်းရောဂါ၏ လက္ခဏာများဖြစ်သည့် ခြေထောက်လေးလံခြင်း၊ နာကျင်ခြင်း၊ ညညကြွက်တက်ခြင်းတို့အား ကုသခြင်း၊ လိပ်ခေါင်းရောဂါ ဝေဒနာလက္ခဏာများအား ကုသခြင်း၊ နာတာရှည်ခြေထောက်သွေးပြန်ကြောအားနည်းရောဂါအတွက် ဆေးအညွှန်း တစ်နေ့လျှင် ၁၀၀၀ မီလီဂရမ်။ လိပ်ခေါင်းရောဂါအရေးပေါ်အခြေအနေ အတွက် တစ်နေ့လျှင် နေ့စဥ် ၃၀၀၀ မီလီဂရမ်အထိ တိုးမြှင့်သောက်နိုင်သည်။ သုံးစွဲရန် မသင့်တော်ခြင်းတက်ကြွသော ဓာတ် သို့မဟုတ် ဓာတ်ပစ္စည်းတစ်ခုခုနှင့် မတည့်ခြင်း။ သတိပေးချက်များ ပြင်းထန်သောလိပ်ခေါင်းရောဂါလက္ခဏာများကို ကုသရန်အတွက်ညွှန်းဆိုထားခြင်းဖြစ်ပြီး တခြားသော စအိုနှင့်ပတ်သက်သောရောဂါအခြေအနေများကုသရန်မဟုတ်ပါ။ ဆေးသောက်နေသော်လည်း ရောဂါလက္ခဏာများ မသက်သာလာပါက စအိုတွင်းစစ်ဆေးခြင်းများနှင့်ဆေးကုသမှုပုံစံကို ပြန်ပြီး စစ်ဆေးရန်လိုအပ်ပါသည်။

ဓာတ်ပစ္စည်းများဆိုဒီယမ်ဓာတ်ကင်းစင်သည်။ ကိုယ်ဝန်ဆောင်ခြင်း/နို့တိုက်ခြင်းရှိပါက ကုထုံးကိုရှောင်သင့်သည်။ မလိုလားအပ်သောအကျိုးသက်ရောက်မှုများ

အဖြစ်များသောလက္ခဏာများ : ဝမ်းပျက်ဝမ်းလျှောခြင်း၊ အစာမကြေခြင်း၊ ပျို့အန်ခြင်း၊ အော့အန်ခြင်း။ အဖြစ်နည်းသော လက္ခဏာများ : မူးဝေခြင်း၊ ခေါင်းကိုက်ခြင်း၊ နာမကျန်းဖြစ်ခြင်း၊ ယားယံခြင်း၊ အင်ပျဥ်ထခြင်း။ အဖြစ်နည်းသော : အူရောင်ခြင်း။ ဖြစ်သောအကြိမ်ရောမသိရှိရသော လက္ခဏာများ : ဗိုက်အောင့်ဗိုက်နာခြင်း၊ မျက်နှာ နှုတ်ခမ်းနှင့် မျက်ခွံ ရောင်ရမ်းခြင်း။ ထူးခြားသောကွင်းကီးဖောရောင်ခြင်း။ လွန်ကဲစွာသုံးစွဲခြင်းဂုဏ်သတ္တိများသွေးကြောများ ကာကွယ်ခြင်းနှင့် သွေးပြန်ကြောအားနည်းခြင်းကို သက်သာစေခြင်း။ သွေးပြန်ကြောစနစ်များကို ပြန်လည်လုပ်ဆောင်သည် : ၎င်းသည် သွေးပြန်ကြောများဖောရောင်ခြင်းနှင့် သွေးပြန်ကြောများ၏ညစ်အား နှေးခြင်းကို လျှော့ချပေးသည်၊ သွေးပြန်ကြောငယ်များလည်ပတ်မှုတွင် ၎င်းသည်ဆံချည်မျှင်သွေးကြောလေးများအပေါ် အကျိုးသက်ရောက်မှုရှိပြီး အားဖြည့်ပေးသည်။Servier ဓာတ်ခွဲခန်းများ၊ 50 rue Carnot၊ 92284 Suresnes cedex ပြင်သစ်။ www.servier.com * အချက်အလက်အပြည့်အစုံအတွက်၊ သင့်နိုင်ငံအတွက် ထုတ်လုပ်ထားသော ထုတ်ကုန်အညွှန်းအကျဥ်းချုပ်တွင် ဖတ်ရှုပါ။

ကိုးကားချက်များ

  1. Adapted from Nicolaides A, Kakkos S, Baekgaard N, et al. Management of chronic venous disorders of the lower limbs.
  2. Guidelines according to scientific evidence. Part I. Int Angiol. 2018;37(3):181-254.1 Bergan JJ et al. N Engl J Med. 2006;355:488-498​1.

2024