လေးလံသောခြေထောက်များ
၃၁-၀၈-၂၀၂၂
ခြေထောက်ညောင်းညာခြင်း၊ နာတာရှည် ခြေထောက်သွေးပြန်ကြော အားနည်းရောဂါ၏ လက္ခဏာတစ်မျိုး
ဘာကြောင့် ခြေထောက်တွေ ညောင်းညာကိုက်ခဲပြီး ရောင်ရမ်းလေးလံနေရတာလဲ။
ခြေထောက်သွေးကြောများသည် နှလုံးကို သွေးပြန်ပို့သည့်အခါ ကမ္ဘာမြေဆွဲအားကို ဖီဆန်ပြီး သွေးတွေကို အပေါ်ဘက်သို့ တွန်းတင်ပေးရခြင်းဖြစ်သည်။ ထိုသို့ပြုလုပ်ရန် သွေးကြောများသည် အနီးရှိ ကြွက်သားများအား အားပြု ညှစ်ယူပြီး သွေးများကို နောက်သို့ပြန်မစီးဆင်းစေရန် သွေးကြောအဆို့ရှင်များဖြင့် အလုပ်လုပ်သည်။ သို့သော် ထိုစနစ်သည် တစ်ခါတစ်ရံ ကြန့်ကြာနိုင်သည်။ ထိုအခါ သွေးအနည်းငယ်ကိုသာ နှလုံးထိရောက်အောင် တွန်းတင်ပေးနိုင်သောအခါ သွေးကြောများ ဖောင်းလာနိုင်ပြီး ခြေထောက်အထဲတွင် အရည်များ ထွက်လာနိုင်သောကြောင့် ခြေထောက်လေးလံနေမည်ဖြစ်သည်။1
ခြေထောက်ညောင်းတိုင်း နာတာရှည် ခြေထောက်သွေးပြန်ကြော အားနည်းရောဂါလား?
နာတာရှည် ခြေထောက်သွေးပြန်ကြော အားနည်းရောဂါကြောင့်ဖြစ်သည့် ခြေထောက်ညောင်းညာကိုက်ခဲလေးလံမှုသည် သာမန်နာကျင်မှုပုံ၊ သို့မဟုတ် အချိန်ကြာမြင့်စွာ မတ်တပ်ရပ်ထားသောကြောင့်ခံစားရသည့် ဖိအားပုံသဏ္ဍာန်နှင့် အဓိပ္ပာယ်ကောက်လွဲနိုင်သည်။ အချို့သူများက ၎င်းတို့၏ ခြေထောက်ညောင်းညာမှုကို ထုံကျင်မှု၊နာကျင်မှု အဖြစ်ပင် ဖော်ပြတတ်ကြသေးသည်။ သွေးလည်ပတ်မှုကောင်းစေသော အချက်များ (ဥပမာ- ခြေထောက်မြောက်ထားခြင်း၊ လမ်းလျှောက်ခြင်း၊ သွေးလည်ပတ်မှုကောင်းစေသော ခြေအိတ်များဝတ်ဆင်ခြင်း၊ ဆေးလိမ်းခြင်း) ကိုလိုက်လုပ်ခြင်းက ထိုနာကျင်မှုများကိုပြေပျောက်သွားစေနိုင်သည်။ အကယ်၍ သင့်တွင် ဖော်ပြပါ ရောဂါလက္ခဏာများရှိနေပါက ရောဂါတိတိကျကျသိနိုင်စေရန် ဆရာဝန်နှင့် တွေ့ဆုံဆွေးနွေးသင့်ပါသည်။
နာတာရှည် ခြေထောက်သွေးပြန်ကြော အားနည်းရောဂါ၏ ရောဂါလက္ခဏာများ
ခြေထောက်ညောင်းညာခြင်းဖြစ်စေသော အကြောင်းအရာများမှာ များစွာရှိသည်။ အသက်၊ လိင်အမျိုးအစား၊ မျိုးရိုးလိုက်ခြင်း၊ ကိုယ်ဝန်ဆောင်ခြင်း၊ စသည့် အချက်များမှာ ပြင်ဆင်ပြုပြင်၍မရသော်လည်း စားသောက်နေထိုင်မှုပုံစံ၊ အပူနှင့်နေရောင်ခြည်ကြာမြင့်စွာထိတွေ့မှု၊ အချိန်ကြာမြင့်စွာ မတ်တပ်ရပ်နေထိုင်ခြင်း၊ ကိုယ်အလေးချိန်များလွန်းခြင်းနှင့် ဝမ်းချုပ်ခြင်းကဲ့သို့သော အချက်များမှာ ပြင်ဆင်နေထိုင်၍ရသည်။ ထို့ကြောင့် ခြေထောက်ညောင်းညာခြင်းနှင့် ပတ်သက်၍ တတ်ကျွမ်းနားလည်သူများ၏ အကြံပေးချက်များ၊ ညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်သင့်သည်။
နာတာရှည် ခြေထောက်သွေးပြန်ကြော အားနည်းရောဂါရှိနေလျှင် လုပ်ဆောင်သင့်သည့်အချက်များ
နာတာရှည် ခြေထောက်သွေးပြန်ကြော အားနည်းရောဂါနှင့်ခြေထောက်ညောင်းညာခြင်းများကို ကျန်းမာရေးဝန်ထမ်းများနှင့် ဆရာဝန်များမှ အသေးစားပြဿနာများဟု ယူဆလေ့ရှိပြီး ထိုက်သင့်သည့် အရေးပေးကုသမှုများ ပြုလုပ်လေ့မရှိသည်ကို တွေ့ရှိရသည်။ ထိုရောဂါများကို စောစီးစွာသိရပြီး ကုသနိုင်မည်ဆိုပါလျှင်၊ သို့မဟုတ် ကာကွယ်ကုသသည့် နည်းလမ်းများအသုံးပြုုနိင်လျှင်ရောဂါလက္ခဏာများကို လျော့ပါးသွားစေမည်ဖြစ်ပြီး ရောဂါတိုးမလာအောင် ကာကွယ်နိုင်မည်ဖြစ်သည်။ နာတာရှည် ခြေထောက်သွေးပြန်ကြော အားနည်းရောဂါကို သင့်လျော်သော ကုသမှုမျိုးမပေးနိုင်ပါက ရောဂါလက္ခဏာများ ပို၍ရှုပ်ထွေးလာတတ်ပြီး ရောဂါအခြေအနေဆိုးရွားလာနိုင်သည်။ ထို့ကြောင့် ခြေထောက်ညောင်းညာခြင်းကို ပေါ့ပေါ့သဘောမထားဘဲ စောစီးစွာ ကာကွယ်ကုသမှုများ ပြုလုပ်သင့်သည်။
ရောဂါကာကွယ်ရန် ပြုလုပ်သင့်သည့်အချက်များမှာ
- ကျန်းမာရေးအတွက် အထောက်အကူပြုသည့် စားသောက်နေထိုင်မှုပုံစံဖြင့်နေထိုင်ခြင်းနှင့် အဝလွန်ခြင်းမဖြစ်စေရန် ရှောင်ရှားခြင်း။
- တတ်အားသမျှ မကြာခဏ လမ်းလျှောက်ခြင်း၊ လေ့ကျင့်ခန်းပြုလုပ်ခြင်း။
- အချိန်ကြာမြင့်စွာ မတ်တပ်ရပ်ခြင်းကိုရှောင်ရှားခြင်း၊ အကယ်၍ မလွှဲသာ၍ မတ်တပ်ရပ်ရပါကလည်း ခြေထောက်ကို မကြာခဏ အကြောဆန့်ပေးခြင်း။
- အလွန်ကြပ်ထုတ်သော အဝတ်အစားများနှင့် ဖိနပ်များဝတ်ဆင်ခြင်းကို ရှောင်ရှားခြင်း။
- ရေအေးဖြင့်ရေချိုးပြီး ခြေထောက်ကိုနှိပ်နယ်ပေးခြင်း၊
- အနားယူနေစဉ် ခြေထောက်ကို ခုံတစ်ခုခုပေါ်တင်ထားခြင်း၊ မြှောက်ထားခြင်း။
ခြေထောက်သွေးကြောများ၏ အနေအထားနှင့် သွေးစီးဆင်းရန် ခွန်အားရှိစေဖို့ အကူအညီပေးပြီး ရောဂါလက္ခဏာများကိုသက်သာစေသည့်အပြင် ရောဂါတိုးမလာစေရန် ကူညီပေးသည့် ဆေးဝါးများလည်း ရှိနေပြီဖြစ်သည်။
ခြေထောက်ညောင်းညာမှုကို သက်သာစေရန် ဘယ်လိုလုပ်သင့်သလဲ။
ခြေထောက်ညောင်းညာမှုကို သက်သာစေရန် လက်တွေ့ကျသော နည်းလမ်းကောင်းများရှိသည်။ ထိုနည်းလမ်းများမှာ အိမ်တွင်ဖြစ်စေ လုပ်ငန်းခွင်တွင်ဖြစ်စေ အလွယ်တကူ ပြုလုပ်လို့ရသည့်အပြင် ကိုယ်ဝန်ဆောင်ချိန်၊လေယာဉ်စီးချိန်နှင့် ရောဂါခံစားရတတ်သော နွေရာသီများတွင် ရောဂါလက္ခဏာများကို သက်သာစေပြီး ရောဂါတိုးမလာစေရန် အမှန်တကယ်အသုံးဝင်သော နည်းလမ်းများဟု ဆိုနိုင်သည်။ ,5,6
2025