လေးလံသောခြေထောက်များ

8/31/2022

နာတာရှည်ခြေထောက်သွေးပြန်ကြောအားနည်းရောဂါနှင့် သွေးပြန်ကြောရောဂါ တူညီပါသလား

နာတာရှည်ခြေထောက်သွေးပြန်ကြောအားနည်းရောဂါဆိုတာ ဘာလဲ?

 

နာတာရှည်ခြေထောက်သွေးပြန်ကြောရောဂါသည် ခန္ဓာကိုယ်အောက်ပိုင်းနှင့် ခြေထောက်များမှ နှလုံးဆီသို့ ဆန်တက်သည့်သွေးများ လျော့နည်းသွားစေသည့် ရောဂါတစ်မျိုးဖြစ်သည်။ နာတာရှည်ခြေထောက်သွေးပြန်ကြောရောဂါဖြစ်သည့်အခါ ခြေထောက်သွေးကြာများရှိ အဆို့ရှင်များကောင်းမွန်စွာ အလုပ်မလုပ်တော့ခြင်းကြောင့် သွေးလည်ပတ်မှုကို ထိခိုက်စေသည်။ ထို့ကြောင့် သွေးလည်ပတ်မှု တန့်သွားစေပြီး သွေးကြောများကျယ်သွားစေသည်။ အကျိုးဆက်အဖြစ် သွေးကြောထုံးများ၊ ခြေထောက်ဖောရောင်ခြင်းများ ဖြစ်လာစေသည်။ ရောဂါခံစားနေရသော လူနာ တစ်ဦးချင်းစီ၏ ရောဂါလက္ခဏာများအရ ရောဂါပြင်းထန်မှုရေချိန်များ ကွဲပြားနိုင်သည်။ ရောဂါအစပျိုးချိန်များတွင် ခြေထောက်နာကျင်ခြင်း၊ ခြေထောက်လေးလံခြင်းနှင့် အားနည်းခြင်းများ ကြုံတွေ့ရမည်ဖြစ်သည်။ ရောဂါလက္ခဏာများနှင့်အတူ ညဘက်တွင်အိပ်မပျော်ခြင်း၊ ကြွက်တက်ခြင်းများ(ညဘက်တွင်ခြေထောက်ငြိမ်ငြိမ်ထား၍မရသောရောဂါ) ပါ ခံစားလာရနိုင်သည်။

 

သွေးပြန်ကြောရောဂါပြင်းထန်လျှင် ပင့်ကူမျှင်သွေးကြောများ၊ သွေးကြောထုံးများ စသည့် အရေပြားပေါ်တွင်မြင်သာသော ရောဂါလက္ခဏာများ ပေါ်လာမည်ဖြစ်ပြီး နာတာရှည်သွေးပြန်ကြောရောဂါများတွင် ဖောရောင်ခြင်း၊ အသားအရည်အရောင်ပြောင်းခြင်းများလည်းပေါ်လာနိုင်ပြီး နှင်းခူ၊ အရေပြားဓာတ်မတည့်ခြင်းနှင့် အကြိတ်များဖြစ်ပေါ်လာနိုင်သည်။

 

နာတာရှည်ခြေထောက်သွေးပြန်ကြောရောဂါ ကုသနည်းများ

 

နာတာရှည်ခြေထောက်သွေးပြန်ကြောရောဂါသည် နာတာရှည်ရောဂါတစ်မျိုးဖြစ်ပြီး ရောဂါလက္ခဏာများသက်သာစေရန် ကုသနည်းပေါင်းများစွာကို ပေါင်းစပ်ကုသရသော ရောဂါမျိုးဖြစ်၏။ ထိုကုသနည်းများတွင် လိမ်းဆေး(ခြေထောက်လေးလံခြင်းများကို သက်သာစေသည့် လိမ်းဆေး) များကို သွေးကြောထုံးများကို သက်သာစေသည့် သောက်ဆေးများဖြင့်ပေါင်းစပ်ပြီး ကုသခြင်းများ ပါဝင်သည်။ ထိုဆေးများသည် ရောဂါကို အမြစ်ကစကုသပေးပြီး သွေးကြောမျှင်လေးများကို ခိုင်မာစေပြီး သွေးလည်ပတ်မှုကောင်းစေရန် ကူညီပေးသကဲ့သို့ ဖောရောင်ခြင်းများကိုလည်း လျော့ကျစေသည်။ ရောဂါပြင်းထန်မှုအဆင့်အလိုက် ခြေထောက်ကို နှိပ်နယ်ပေးခြင်းနှင့် ခြေထောက်ကို ဖိအားသက်ရောက်စေသော ဘောင်းဘီ၊ခြေအိတ်များ ဝတ်ဆင်ခြင်းတွေလည်း ပြုလုပ်ပေးနိုင်သည်။ ထို့ထက်ပိုပြင်းထန်သော ရောဂါအခြေအနေများတွင် ခွဲစိတ်ကုသရန် လိုအပ်နိုင်သည်။

ရောဂါလက္ခဏာများပိုဆိုးမလာစေရန်နှင့် ခြေထောက်ထိခိုက်ပျက်စီးခြင်းမဖြစ်စေရန် ရောဂါကို ကုသရန်မှာ ရောဂါလက္ခဏာများပေါ် မူတည်သည့်အတွက် ခြေထောက်သွေးပြန်ကြောရောဂါဖြစ်နေကြောင်း စောစီးစွာသိရန်မှာ အရေးအကြီးဆုံးအချက်ဖြစ်သည်။

ဆောင်းပါးများကို ပိုမိုဖတ်ရှုရန်

wave icon

နာတာရှည် ခြေထောက်သွေးပြန်ကြောအားနည်းရောဂါ နှင့် လိပ်ခေါင်းရောဂါလက္ခဏာများသက်သာစေရန် Daflon ၏အကျိူးအာနိသင်များကို ပိုမိုလေ့လာရန်။

2024