လေးလံသောခြေထောက်များ

8/31/2022

သွေးပြန်ကြော အားနည်းခြင်းကို ဘယ်လိုကာကွယ်ကြမလဲ

သွေးပြန်ကြော အားနည်းခြင်းသည် အလွန်အဖြစ်များသည့် ရောဂါဖြစ်သည်။ စပိန်နိုင်ငံရှိ ယေဘူယျ လူဦးရေ၏ ၅၀ % နှင့် ၇၀% အကြားခံစားနေကြရသည်။ အများဆုံး ခံစားရသည့် လက္ခဏာရပ်များမှာ ခြေထောက်များ ပင်ပန်းနွမ်းနယ်ခြင်း၊ ‌ခြေထောက်များ လေးလံခြင်း၊ သွေးကြောထုံးခြင်း၊ သွေးကြောများပေါက်ခြင်း၊ ရောင်ရမ်းခြင်း၊ နာကျင်ခြင်း၊ ကြွက်တက်ခြင်းနှင့် အရေပြားဆိုင်ရာပြောင်းလဲမှုဖြစ်ခြင်း (ယားယံခြင်း၊ အနီကွက်ဖြစ်ခြင်း) တို့ဖြစ်ပါသည်။ အချိန်ကြာမြင့်လာသည်နှင့် ရောဂါလက္ခဏာများ ပိုမိုဆိုးရွားလာနိုင်ပြီး အခြေအနေများ ဆိုးရွားမလာခင် သက်သာစေရန်နှင့် ရောဂါတိုးတက်မှုနှုန်းကို ကာကွယ်ရန်အတွက် စောလျင်စွာ ကုသရမည်ဖြစ်သည်။

သွေးပြန်ကြော အားနည်းခြင်းကို ကာကွယ်ပြီး ကျန်းမာသော ခြေထောက် သွေးပြန်ကြောများ ပိုင်ဆိုင်နိုင်ရန်နှင့် ဆေးကုသမှု၏ အကျိုးသက်ရောက်မှုများ ပိုမိုရရှိစေရန်အတွက် သင့်နေ့စဥ်တနေ့တာလှုပ်ရှားမှုများကို အပြောင်းအလဲအချို့  ပြုလုပ်သင့်ပါသည်။ ကနဦးအနေဖြင့် အရေးကြီးသည့်အချက်မှာ ကိုယ်ဝန်ဆောင်ဖြစ်ပါက သင့်၏နေထိုင်မှုပုံစံကို ပြောင်းလဲ အထူးပင်လိုအပ်သည်။ လှုပ်ရှားမှုတိုင်းကို သွေးပြန်ကြော စီဆင်းမှု အားကောင်းစေရန်အတွက် အာရုံစိုက်သင့်ပါသည်။

  • ခြေထောက်များကို မြှင့်တင်ထားခြင်း - နာကျင်ခြင်းနှင့် သွေးပြန်ကြောအားနည်းခြင်းများသည် သွေးပြန်ကြောတွင် သွေးများစုပုံ တိုးလာခြင်းကြောင့် ဖြစ်သည်။ တစ်နေ့လျှင် (၃) ကြိမ်မှ (၄) ကြိမ်အထိ ခြေထောက်များကို နှလုံးထက် မြင့်သည့် အမြင့်အနေအထားထိ မြှောက်ထားခြင်းဖြင့် သွေးပြန်ကြောတွင် သွေးများတိုးလာခြင်းကို လျော့ချပေးနိုင်ခြင်း၊ အရေပြားအောက်ရှိ သွေးကြောငယ်များတွင် သွေးလည်ပတ်မှု အားကောင်းလာခြင်း၊ သွေးပြန်ကြော ပြည်တည်နာများနှင့် အရည်များစုပုံခြင်း (ရေဖျဥ်း)များကို ကာကွယ်ပေးနိုင်ပါသည်။ ကြွက်သားဖိအားများ (IMP)များလျော့ကျစေခြင်းသည် သွေးကြောအတွင်း သွေးလည်ပတ်မှု ရပ်ဆိုင်းခြင်းကြောင့် ဖြစ်ပေါ်လာသည့် နာကျင်မှုများကို လျော့ကျစေပါသည်။

 

  • လေ့ကျင့်ခန်း -ခြေသလုံးမှ ကြွက်သားများသည် သွေးများကို နှလုံးစီသို့ ပြန်ပို့စေရန်အတွက် ပန့်များကဲ့သို့ လုပ်ဆောင်ပေးသည်။ ထိုကဲ့သို့အကြောင်းအရာများကြောင့် ကာယကုထုံးများနှင့် လေ့ကျင့်ခန်းများသည် ခြေသလုံးရှိ ကြွက်သားများ၏ လုပ်ဆောင်ချက်များကို ပြန်လည်ကောင်းမွန်စေပါသည်။ ခြေကျင်းဝတ်များ လှုပ်ရှားမှုကြောင့် သွေးစီးဆင်းမှုနှုန်းကို ကောင်းမွန်စေကာ သွေးပြန်ကြောများတွင် သွေးများလည်ပတ်မှုကို ပြန်လည်ကောင်းမွန်စေသည်။ သွေးလည်ပတ်မှု အရှိန်ကို ထိရောက်စွာ မြင့်တင်နိုင်ရန်အတွက် ခြေကျင်းဝတ်နှင့် ခြေချောင်းများကို ဆန့်ထုတ်ထားရန် အကြံပြုအပ်ပါသည်။
  • တင်းကြပ်သည့် ခြေအိတ်ရှည်များ ဝတ်ဆင်ခြင်း - ခြေကျင်းဝတ်တွင်ရှိသည့် ဖိအားများကို လျော့ကျစေရန်နှင့် ခြေထောက်များတွင် ဖောရောင်ခြင်း လက္ခဏာကို လျော့ချပေးနိုင်ရန်အတွက် ပြင်ပဖိအားများကို ထုတ်လွှတ်ပေးပါသည်။ ထိရောက်မှု ပိုမိုရှိစေရန်အတွက် နံနက်ပိုင်းအချိန်တွင် ပုံမှန်ဝတ်ဆင်သင့်သည်။ သွေးပြန်ကြော အားနည်းခြင်း လက္ခဏာ၏ ပြင်းထန်မှုပေါ်မူတည်ပြီး တင်းကြပ်မှု အနေအထားသင့်လျော်သည့် ခြေအိတ်ရှည်ကို ရွေးချယ်ဝတ်ဆင်ရန် အရေးကြီးသည်။

သွေးပြန်ကြောအားနည်းခြင်းအတွက် ထုတ်ကုန်ပစ္စည်းများ

ကျန်းမာသော လူနေမှုပုံစံများအပြင် သွေးပြန်ကြော အားနည်းခြင်းကို ကုသရန်အတွက် အသုံးပြုသည့် သွေးပြန်ကြောဆိုင်ရာ ဆေးပစ္စည်းအများအပြား ရှိပါသည်။ ကွဲပြားသည့် ပါဝင်ပစ္စည်းများနှင့် သဘာဝ အရင်းအမြစ်များသည် ဖောရောင်ခြင်းအဆင့်ဆင့်နှင့် အခြားရောဂါလက္ခဏာများပေါ် မူတည်ပြီး လုပ်ဆောင်ချက်များနှင့် ပါဝင်မှုများ ကွဲပြားသည်။ ၎င်းတို့သည် သွေးပြန်ကြောများ ကြံ့ခိုင်စေခြင်း၊ သွေးပြန်ကြော အဆို့ရှင်များနှင့် နံရံများ ရောင်းရမ်းခြင်းကို ကုသပေးနိုင်ခြင်း၊ ရောင်ရမ်းမှု ဖြစ်စဥ်များ လျော့ချပေးနိုင်ခြင်း၊ နာကျင်မှုကို သက်သာစေခြင်း၊ သွေးကြောတွင်းသွေးစီးဆင်းမှုကို ကောင်းမွန်စေခြင်း နှင့်သွေးကြောထုံးများကို လျော့ချပေးခြင်းများ လုပ်ဆောင်ပေးသည်။ စျေးကွက်ထဲတွင်ရှိသည့် သွေးပြန်ကြောဆိုင်ရာ ဆေးပစ္စည်းထုတ်ကုန်များစွာ ရှိနေပြီး အများစုမှာ ထိရောက်သည့် ပါဝင်ပစ္စည်းပေါင်းစပ်မှုများ ပါဝင်ပါသည်။ ထိုပါဝင်ပစ္စည်းပေါင်းစပ်မှုများတွင် saponins (သဘာဝဓာတ်ပေါင်း) နှင့် flavonoids (အပင်မှရသည့်သဘာဝဓာတ်ပေါင်း) တို့သည် ထင်ရှားသည်။ ၎င်းတို့၏ သန့်စင်ထားပြီး အနုစိတ်ခွဲခြမ်းစိတ်ဖြာသည့် ပုံစံများကြောင့် ရောဂါလက္ခဏာများနှင့် ဖောရောင်ခြင်းများကို ကုသရာတွင် ထိရောက်မှုရှိသဖြင့် မြင့်မားသော အကြံပြုချက်များ ရရှိထားသည်။

သွေးပြန်ကြောအားနည်းခြင်းအတွက် ကုသနိုင်သည့် ဆေးရှိပါသလား

ခြေထောက်များရှိ သွေးပြန်ကြောအားနည်းခြင်းသည် နာတာရှည် ပြဿနာဖြစ်သော်လည်း ရောဂါလက္ခဏာများ သက်သာစေရန်နှင့် ရောဂါဖြစ်ပွားမှုနှုန်း တိုးတက်ပြီး ဆက်လက်ဖြစ်ပွာခြင်းကို ရှောင်ရှားနိုင်ရန်အတွက် ကုသမှုများကို ချက်ချင်းခံယူသင့်ပါသည်။ ခြေထောက်များကို မြှင့်တင်ထားခြင်း၊ လေ့ကျင့်ခန်းပြုလုပ်ခြင်း သို့မဟုတ် တင်းကျပ်သည့် ခြေအိတ်ရှည်ဝတ်ဆင်ခြင်း အစရှိသည့် နေ့စဥ်အလေ့အကျင့်များကို ပြုပြင်ပြောင်းလဲ လုပ်ဆောင်ရန် လိုအပ်ပါသည်။

References

  1. Mayra RA, Pérez F. Documento SEMG: Manejo y derivación en insuficiencia venosa crónica. 2017. Available at: https://www.semg.es/images/stories/recursos/2017/documentos/Monografia_INSF.VENOSA.CRONICA.pdf
  2. Eberhardt RT, Raffetto JD. Chronic venous insufficiency. Circulation. 2005. 10;111(18):2398-409.
  3. Lower extremity pain from chronic venous insufficiency: A comprehensive review. Cardiol Ther. 2021;10:111-40
  4. Carrasco E, Díaz S. Recomendaciones para el manejo de la Enfermedad Venosa Crónica en Atención Primaria. 2015. Available at https://www.semergen.es/resources/files/noticias/venosaCrocina_1.pdf Last accessed on May 2022

ဆောင်းပါးများကို ပိုမိုဖတ်ရှုရန်

wave icon

နာတာရှည် ခြေထောက်သွေးပြန်ကြောအားနည်းရောဂါ နှင့် လိပ်ခေါင်းရောဂါလက္ခဏာများသက်သာစေရန် Daflon ၏အကျိူးအာနိသင်များကို ပိုမိုလေ့လာရန်။

2024