လေးလံသောခြေထောက်များ

8/31/2022

သွေးကြောထုံးများကို ဘယ်လိုကုသရမလဲ

သွေးကြောထုံးများသည် လူကို အလှပျက်စေရုံသာမက ကျန်းမာရေးလည်းထိခိုက်စေနိုင်သည်။ သွေးကြောထုံးများသည် နာတာရှည်ခြေထောက်သွေးပြန်ကြော အားနည်းရောဂါ၏ သိသာထင်ရှားသော လက္ခဏာများထဲမှ တစ်ရပ်ပင်ဖြစ်သည်။ ခြေထောက်သွေးပြန်ကြောနံရံများ ပြောင်းလဲရာမှ သွေးကြောထုံးများ ဖြစ်လာသည်ဟု ယူဆရပြီး သွေးကြောထုံးများတွင် အခြား ပုံမှန်ကျန်းမာသည့် သွေးကြောများတွင်မပါရှိသော ကျုံ့နိုင်ဆန့်နိုင်သည့် စွမ်းရည်ပိုင်ဆိုင်ထားသည်။ သွေးပြန်ကြောများ ကျယ်သွားခြင်းနှင့် သွေးပြန်ကြောအဆို့ရှင်များ ပျက်စီးခြင်းများထဲမှ တစ်ခုခု သို့မဟုတ် နှစ်ခုလုံးဖြစ်ခြင်းကြောင့် သွေကြောထုံးများဖြစ်လာနိုင်ပြီး သွေးခဲများဖြစ်ပေါ်နေခြင်းကြောင့်လည်း သွေးကြောထုံးများ ဖြစ်လာနိုင်သည်။

သွေးကြောထုံးများ ဖြစ်စေသောာ အကြောင်းအရင်းများမှာ မိသားစုအတွင်းတွင် သွေးပြန်ကြောရောဂါရှိသူများရှိခြင်း၊ အဝလွန်ခြင်းကြောင့် ခန္ဓာကိုယ်အလယ်ပိုင်းတွင် ပြင်းထန်သော ဖိအားသက်ရောက်နေခြင်း၊ ကိုယ်ဝန်ဆောင်ထားခြင်း၊ ပြင်းထန်သော ဝမ်းချုပ်ရောဂါရှိခြင်း၊ အကြိတ်များဖြစ်ပေါ်နေခြင်းနှင့် အချိန်ကြာမြင့်စွာ မတ်တပ်ရပ်နေရခြင်းများ ဖြစ်သည်။

2

သွေးကြောထုံးများကို ဘယ်လိုကုသပေးကြလဲ?

သွေးကြောထုံးများကို မကုသဘဲထားလျှင် ပိုးဝင်ခြင်း၊ ခန္ဓာကိုယ်တွင်းအနာဖြစ်ခြင်းနှင့် သွေးခဲပိတ်ခြင်းများဖြစ်လာနိုင်သည်။ ထို့ကြောင့် သွေးကြောထုံးဖြစ်ပြီဆိုလျှင် မြန်နိုင်သမျှ အမြန်ဆုံး ကုသသင့်လှသည်။ သွေးကြောထုံးများအား ကုသသည့်အခါ လူနာ၏ ရောဂါလက္ခဏာများနှင့် လူနာကုသချင်သော ပုံစံကို ထည့်သွင်းစဉ်းစားပေးရန်လိုအပ်သည်။ သွေးကြောထုံးရောဂါ၏ ဦးဆုံးအဆင့်များတွင် တတ်နိုင်သမျှ မခွဲစိတ်ရဘဲ သာမန်နည်းလမ်းများဖြင့် ကုသပေးသင့်သည်။ သာမန်ကုသနည်းများတွင် အနားယူနေစဉ် ခြေထောက်များ  မြှောက်ထားခြင်း၊ နေထိုင်မှုပုံစံပြောင်းလဲခြင်း - လေ့ကျင့်ခန်းပြုလုပ်ခြင်း နှလုံးနှင့်သွေးကြောရောဂါဖြစ်စေနိုင်သော ကိစ္စများကို ရှောင်ရှားခြင်း၊ ခြေထောက်ရောင်ရမ်းခြင်းမဖြစ်စေရန် ရှောင်ရှားခြင်းများ ပါဝင်သည်။  ရောဂါဖြစ်စေနိုင်သည့် အကြောင်းရင်းများထဲမှ ပြုပြင်၍ ရသည့်အကြောင်းအရင်းများဖြစ်သော အဝလွန်ခြင်းကဲ့သို့ကိစ္စများ မဖြစ်စေရန် ရှောင်ရှားရန်လည်း လိုအပ်သည်။ ထို့အပြင် ခြေထောက်ရောင်ရမ်းခြင်း၊ ဖောရောင်ခြင်းများကို သက်သာစေပြီး ရောဂါလက္ခဏာများ သက်သောစေသော သွေးကြောထုံးလိမ်းဆေးကိုလိမ်းပေးခြင်းဖြင့်လည်း ကုသနိုင်သည်။ ထိုလိမ်းဆေးများသည် သွေးကြောငယ်လေးများအား သွေးလည်ပတ်မှုကောင်းမွန်စေရန်ကူညီပေးနိုင်သလို သွေးပြန်ကြောနံရံများ၊ အဆို့ရှင်များကို ကုသပေးနိုင်သည့်အပြင် သွေးကြောရောင်ရမ်းခြင်းများကို သက်သာစေပြီး ခြေထောက်သွေးပြန်ကြော အားနည်းခြင်း၊ သွေးကျခြင်းများဖြစ်စေသည့် အခြေအနေများကို ပြောင်းလဲပေးခြင်းဖြင့် ရောဂါသက်သာစေရန် ကူညီပေးသည်။ သွေးကြောထုံးရောဂါကို ကုသရန်မှာ အပူပိုင်းနိုင်ငံများတွင် Elastic Compression Therapy ဟုခေါ်ဆိုသော ကုသနည်းကို လူအများက မလိုက်နာကြသောကြောင့် ခွဲစိတ်ကုသနည်းအပြင် ဆေးလိမ်းခြင်းသည်သာ တစ်ခုတည်းသော ရောဂါနုချိန် ကုသနည်းအဖြစ် ရွေးချယ်စရာရှိနေသည်။

 

သွေးကြောထုံးများကို ဖယ်ထုတ်လို့ရနိုင်မလား?

သွေးကြောထုံးများသည် ပြင်းထန်သော အခြေအနေဖြစ်နေလျှင် ခွဲစိတ်ကုသရန်လိုအပ်မည်ဖြစ်သည်။ ခွဲစိတ်ကုသသည့်အခါ သွေးပြန်တက်နေခြင်းကို ဖယ်ရှားခြင်း၊ ပုံမှန်သွေးလည်ပတ်မှုပြန်ရစေရန် ပြုလုပ်ခြင်းနှင့် ရောဂါလက္ခဏာများသက်သာစေရန်နှင့် နောက်ဆက်တွဲ ရှုပ်ထွေးမှုများမဖြစ်စေရန် ထုံးနေသော သွေးကြောများကို ဖယ်ရှားခြင်းများ လုပ်ပေးမည်ဖြစ်သည်။ ခွဲစိတ်ကုသသည့် နည်းလမ်းသည် သွေးကြောထုံးပုံစံနှင့် ရောဂါတစ်ခုချင်းစီအခြေအနေပေါ်တွင် မူတည်မည်ဖြစ်ပြီး ခွဲစိတ်ကုသပြီးသည့်အခါ ဖြစ်လာနိုင်သော ဘေးထွက်ဆိုးကျိုးများကိုပါ ထည့်သွင်းစဉ်းစားရမည်ဖြစ်သည်။ အသုံးများသည့် ခွဲစိတ်ကုသနည်းများမှာ…

 

  • အပူပေး၍ ဖြတ်ထုတ်ခြင်း: ပျက်စီးနေသော သွေးကြောများအား လေဆာကို အသုံးပြု၍ဖြစ်စေ၊ ပိုက်အပျော့သုံး၍ဖြစ်စေ ဖျက်ဆီးခြင်း။ ရွေးချယ်စရာနည်းလမ်း (၂) မျိုးမှာ ..

အပြင်ပိုင်းမှ လေဆာထိုး၍ ဖြတ်ထုတ်ခြင်း : ပင့်ကူမျှင်သွေးကြောထုံးများအတွက် အသုံးပြုသည်။

အတွင်းပိုင်းမှ အပူအပေး၍ ဖြတ်ထုတ်ခြင်း: (လေဆာဖြင့်သော်လည်းကောင်း၊ ရေဒီယိုလှိုင်းများဖြင့်သော်လည်းကောင်း) : ပို၍ကြီးမားသော သွေးကြောထုံးများအတွက် အသုံးပြုသည်။

 

  • အတွင်းပိုင်းသို့ ဆေးရည်သွင်း၍ ကုသခြင်း: ဓာတ်မှန်အကူအညီကိုယူ၍ ဆေးထိုးကုသခြင်းဖြစ်သည်။ သွေးကြောများကို ရောင်ရမ်းစေသော ဓာတ်ပစ္စည်းတစ်မျိုးကို အကြောထဲသို့ တိုက်ရိုက်ထိုးသွင်း၍ ကုသသည်။ ဤကုသနည်းမှာ သေးငယ်သော သွေးကြောများ (1-3 mm)  နှင့် ပုံမှန်သွေးကြောများ (3-5mm) များတွင် အသုံးပြုသည်။
  • ခွဲစိတ်ကုသခြင်း: သွေးကြောများအတွင်းရှိ သွေးပြန်တက်နေရာများအား ဖယ်ရှားခြင်းဖြင့် ကုသသည်။ ဤနည်းလမ်းအား ကျယ်ပြန့်စွာ အသုံးပြုခဲ့ကြဖူးသော်လည်း မကြာသေးမီနှစ်များတွင် ပိုမိုခေတ်မီသော နည်းစနစ်သစ်များဖြစ်ပြီး ခွဲစိတ်ပြီး ပြန်ကောင်းရန် ပိုမိုမြန်ဆန်သည့် နည်းစနစ်များဖြစ်သည့် အပူပေး၍ ဖြတ်ထုတ်ခြင်း၊ ဆေးထိုးခြင်းများဖြင့် အစားထိုးလာကြသည်။ လေဆာအသုံးပြု၍ ကုသခြင်းက ဆေးထိုးကုသခြင်းနှင့် ခွဲစိတ်ကုသခြင်းများထက် ဆိုးကျိုးနည်းပြီး ထိရောက်မှုရှိသည်ကို တွေ့ရသည်။

 

သွေးကြောထုံးရောဂါအတွက် ကုသနည်းများအနက် ခွဲစိတ်ကုသခြင်းသည်သာ အကောင်းဆုံးနည်းလမ်းအဖြစ် အားလုံးက လက်ခံထားကြ၏။ သို့သော် မကြာသေးမီအချိန်က ထွက်ပေါ်လာသည့် Echo-Doppler ကဲ့သို့သော ရောဂါရှာဖွေနည်းစနစ်အသစ်များက ခွဲစိတ်ကုသနည်းများထဲတွင်မှ ပိုငြင်သာပြီး ပိုမိုကောင်းမွန်သော၊ ထို့အပြင် ပုံမှန်အတိုင်းထိရောက်မှုရှိသော ခွဲစိတ်နည်းစနစ်အသစ်များကို ရှာဖွေတွေ့ရှိလာကြသည်။ နောက်ပိုင်းတွင် သွေးကြောထုံးရောဂါအတွက် အကောင်းဆုံးသော ကုသနည်းကို စဉ်းစားရာတွင် လူနာတစ်ဦးချင်းအတွက် အကောင်းဆုံး၊အဆင်အပြေဆုံးနည်းလမ်းကသာ အကောင်းဆုံး ကုသနည်းအဖြစ် လက်ခံလာကြသည်။

 
 

 

 

References:

  1. Nicolaides A, Kakkos S, Baekgaard N et al.Management of chronic venous disorders of the lower limbs. Guidelines According to Scientific Evidence. Part I. Int Angiol. 2018; 37:181-254.
  2. Raetz J, Wilson M, Collins K. Varicose Veins: Diagnosis and Treatment. Am Fam Physician. 2019 Jun 1;99 :682-688.
  3. Eberhardt RT, Raffetto JD. Chronic venous insufficiency. Circulation. 2005. 10;111:2398-409.
  4. Carrasco E, Díaz S. Recomendaciones para el manejo de la Enfermedad Venosa Crónica en Atención Primaria. 2015. Available at: https://www.semergen.es/resources/files/noticias/venosaCrocina_1.pdf
  5. Abbad M et al. Guía de práctica clínica en enfermedad venosa crónica del Capítulo de Flebología y Linfología de la Sociedad Española de Angiología y Cirugía Vascular. Angiología 2016;68: 55-62
  6. Rial Horcajo R, Serrano Hernando FJ et al. Enfermedad venosa crónica. Conceptos actuales y avances terapéuticos. Med. 2017 Oct 1;12:2448–57.

ဆောင်းပါးများကို ပိုမိုဖတ်ရှုရန်

wave icon

နာတာရှည် ခြေထောက်သွေးပြန်ကြောအားနည်းရောဂါ နှင့် လိပ်ခေါင်းရောဂါလက္ခဏာများသက်သာစေရန် Daflon ၏အကျိူးအာနိသင်များကို ပိုမိုလေ့လာရန်။

2024