လေးလံသောခြေထောက်များ

8/31/2022

ပင်ပန်းနွမ်းနယ်နေသည့် ခြေထောက်များအတွက် စုပ်ယူမှုလျင်မြန်စေရန် ပုံစံပြုထုတ်လုပ်ထားသည့် သွေးပြန်ကြောဆိုင်ရာ ဆေးဝါးကုထုံးများ၏ အရေးပါပုံ

သင့်ခံစားတွေ့ကြုံနေရသည့် လက္ခဏာရပ်များသည် သွေးပြန်ကြော အားနည်းခြင်းကို ညွှန်ပြနေသည်ဟု ထင်ပါသလား? ခြေထောက်များ  လေးလံခြင်းနှင့် ပင်ပန်းနွမ်းနယ်ခြင်း လက္ခဏာများ သင်ကြားဖူးကောင်းကြားဖူးလိမ့်မည်ဖြစ်သည်။ ယင်းလက္ခဏာများထဲတွင် ပင်ပန်းနွမ်းနယ်သော ခြေထောက်လက္ခဏာများနှင့် ဆက်စပ်နေသည့် ရောင်ရမ်းမှု ဝေဒနာများလည်း ပါဝင်သည်။ ပင်ပန်းနွမ်းသော ခြေထောက်လက္ခဏာရပ်များနှင့် ကုသနည်းလမ်းများကို ပြောပြပေးသွားမည်ဖြစ်သည်။

ပင်ပန်းနွမ်းနယ်သော ခြေထောက်များ၏ လက္ခဏာရပ်များကို မည်ကဲ့သို့ အတည်ပြုနိုင်မည်ကိုလေ့လာပါ

နွမ်းနယ်နေသည့် ခြေထောက်များ ရောင်ရမ်းခြင်းသည် ခန္ဓာကိုယ်အနေအထားနှင့် ဆက်နွယ်မှုများ ရှိနေပါသည်။ အချိန်ကြာမြင့်စွာ လှုပ်ရှားမှုမရှိပါက ခြေထောက်များရောင်ရမ်းခြင်းသည် ပိုမိုဆိုးရွာသည့် အခြေအနေကို ဖြစ်စေနိုင်ပါသည်။ ဥပမာဆိုရသော် အချိန်ကြာမြင့်စွာ မတ်တပ်ရပ်သည့် အချိန်များနှင့် ထိုင်သည့်အချိန်များကို ဆိုလိုခြင်းဖြစ်သည်။ ခြေထောက်များ ရောင်ရမ်းခြင်းသည် အပူကြောင့်လည်း ပိုမိုဆိုးရွားစေနိုင်သည်။ ထို့အပြင့် ခြေထောက် ကြွက်သားများ ကြွက်တက်ခြင်း၊ နာကျင်ခြင်းနှင့် ယားယံခြင်းများ ခံစားရနိုင်သည်။ ၎င်းလက္ခဏာရပ်များသည် ပင်ပန်းနွမ်းနယ်သည့် ခြေထောက်များတွင် တွေ့မြင်ရနိုင်ပြီး နာတာရှည် သွေးပြန်ကြော အားနည်းခြင်း၏ ကနဦးအခြေအနေလည်း ဖြစ်သည်။ ပိုမိုဆိုးရွာလာသည့် အခြေအနေများတွင် သွေးကြောထုံးများ ဖြစ်ပေါ်လာနိုင်သည်။

သွေးကြောဆိုင်ရာကုထုံးဆေးဝါးနှင့် ကာကွယ်မှုဆေးဝါးဖြင့် ကုသပြီး ခြေထောက်များရောင်ရမ်းခြင်းနှင့် နာတာရှည် ခြေထောက်သွေးပြန်ကြော အားနည်းခြင်း(CVI) နှင့်ဆက်စပ်နေသည့် လက္ခဏာရပ်များ၏ အခြေအနေကို သိသာစွာ ကုသပေးနိုင်ပြီး တိုးတက်ကောင်းမွန်စေသည်။  နာတာရှည် ခြေထောက်သွေးပြန်ကြော အားနည်းရောဂါ၏ လက္ခဏာရပ်များတွင် ခြေထောက်လေးလံခြင်း၊ နာကျင်ခြင်းနှင့် ညအချိန်တွင် ကြွက်တက်ခြင်းများ ပါဝင်သည်။2

 
 

 

 

References

  1. Guía práctica para prevenir y tratar el Síndrome de piernas cansadas. SEFAC. https://www.sefac.org/sites/default/files/2017-11/Sind__piernas_cansadas.pdf
  2. Recomendaciones para el manejo de la Enfermedad Venosa Crónica en Atención Primaria. http://www.semergen.es/resources/files/noticias/venosaCrocina_1.pdfLast accessed 02/06/2020 

ဆောင်းပါးများကို ပိုမိုဖတ်ရှုရန်

wave icon

နာတာရှည် ခြေထောက်သွေးပြန်ကြောအားနည်းရောဂါ နှင့် လိပ်ခေါင်းရောဂါလက္ခဏာများသက်သာစေရန် Daflon ၏အကျိူးအာနိသင်များကို ပိုမိုလေ့လာရန်။

2024