လေးလံသောခြေထောက်များ

8/31/2022

ပင်ပန်းနွမ်းနယ်နေသည့် ခြေထောက်များ သက်သာစေရန် ဘာတွေလုပ်ဆောင်သင့်လဲ?

နာတာရှည်‌ သွေးပြန်ကြော အားနည်းခြင်း ရောဂါကို ဖြစ်စေနိုင်သည့် ခြေထောက်များပင်ပန်းနွမ်းနယ်ခြင်း လက္ခဏာများကို ထိန်းချုပ်ခြင်းနှင့် ရောဂါဖြစ်ပွားတိုးတက်မှုနှုန်းကို ကာကွယ်ခြင်းများသည် ရောဂါကုထုံးနည်း တစ်ခုဖြစ်ပါသည်။ ပြင်းထန်ခြင်းနှင့် ရှုပ်ထွေးမှု မရှိသေးသည့် ရောဂါအခြေအနေတွင် လူနေမှုပုံစံ အလေ့အကျင့်ကို ပြုပြင်ပြောင်းလဲခြင်း၊ ဖိညှစ်ခြင်းနည်းလမ်းနှင့် ဆေးဝါးဗေဒဆိုင်ရာ ကုသမှုများ အသုံးပြုခြင်းများ အစရှိသည့် အဆင့်များသည်လည်း ရောဂါကုထုံးများထဲတွင် အပါအဝင်ဖြစ်ပါသည်။

လူနေမှု နေထိုင်ပုံစံ အလေ့အကျင့်များကို ပြုပြင်မွမ်းမံခြင်းနှင့် ပတ်သက်ပြီး အကြံပြုချက်များမှာ

  • ကိုယ်အလေးချိန်နှင့် အစားအသောက်စီမံခန့်ခွဲခြင်း။
  • မကြာခဏ လမ်းလျှောက်ခြင်းနှင့် လေ့ကျင့်ခန်းပြုလုပ်ခြင်း
  • မတ်တပ်ရပ်ခြင်းကို ရှောင်ကြဉ်ပြီး တင်းကြပ်လွန်းသော အဝတ်အစားများနှင့် ဖိနပ်များကို ဝတ်ဆင်ခြင်းမှ ရှောင်ကြဥ်ပါ။
  • အပူချိန်များသည့် အရင်းမြစ်များနှင့် နေရောင်ခြည် တိုက်ရိုက်ထိတွေ့ခြင်းကို ရှောင်ကြဉ်ပါ။

‌လေ့ကျင့်ခန်းပြုလုပ်ခြင်းက ခြေထောက်များပင်ပန်းနွမ်းနယ်ခြင်းကို သက်သာစေနိုင်တာလဲ?

 

လေ့ကျင့်ခန်းသည် ခြေကျင်းဝတ်အဆစ်များ လှုပ်ရှားခြင်းနှင့် ခြေသလုံးကြွက်သားများကို အားကောင်းစေကာ နှလုံးသို့ သွေးများပြန်လည်ရောက်ရှိစေရန် မြှင့်တင်ပေးသောကြောင့် သွေးပြန်ကြောမလုံလောက်ခြင်းနှင့် ဆက်စပ်သော လက္ခဏာများကို ပိုမိုကောင်းမွန်လာစေရန် ကူညီပေးနိုင်ပါသည်။ 

မည်သည့် အားကစားအမျိုးအစားများကို ကစားသင့်လဲ?

ခြေထောက်များ နာကျင်ခြင်းရောဂါ (RLS) ကိုကာကွယ်ရန်နှင့် သက်သာစေရန် လမ်းလျှောက်ခြင်း၊ ရေကူးခြင်း သို့မဟုတ် စက်ဘီးစီးခြင်းများကို တစ်နေ့လျှင် အနည်းမိနစ် (၃၀) ခန့် လုပ်ဆောင်သင့်သည်။ ထပ်ဆောင်း လေ့ကျင့်ခန်းများအနေဖြင့် ယောဂနှင့် ခြေထောက်ကို အပေါ်သို့မြှောက်ထားခြင်းများသည် ခြေထောက် သွေးပြန်ကြောရှိ သွေများလည်ပတ်မှုကို တိုးတက်ကောင်းမွန်စေရန် ကူညီပေးနိုင်သည်။

 

ခြေထောက်များ ပင်ပန်းနွမ်းနယ်ခြင်းမှ သက်သာရန်နှင့် ကာကွယ်နိုင်ရန်အတွက် ခြေထောက်ဆန့်ထုတ်ခြင်းနှင့် လေ့ကျင့်ခန်းများ

  • သင့်ခြေဖဝါးများကို ဖွင့်ပိတ်ပြုလုပ်ပါ - ကုလားထိုင်ပေါ်တွင်ထိုင်ပြီး ခြေထောက်များကို ကြမ်းပြင်နှင့် မခွာပဲ ခြေဖဝါးများကို ဘေးသို့ကားခြင်း အတွင်းသို့ပြန်စုခြင်းကို အကြိမ်ကြိမ် ပြုလုပ်ပါ။Izversiet un saversiet pedas
  • ခြေကျင်းဝတ်ကို လှည့်ပါ - ကုလားထိုင်တွင် ထိုင်ပြီး ခြေထောက်တစ်ဖက်ကို ကြမ်းပြင်မှမြှောက်ထားကာ နာရီလက်တံအတိုင်း ဦးစွာလှည့်ပါ။ ထို့နောက် နာရီလက်တံပြောင်းပြန်လှည့်ပါ။ အခြားခြေထောက်တစ်ဖက်တွင် ဆက်လက်လုပ်ဆောင်ပါ။

Potīšu grozīšana

  • ခြေဖဝါးလွှဲခြင်း - ခြေဖဝါးများကို ရှေ့မှနောက်သို့ ၊ ခြေချောင်းများမှ ခြေဖနောင့်အထိ ညင်သာစွာ လွှဲပေးပါ။

Pēdu šūpošana

    • ခြေဖနောင့်မတင်ခြင်း - ကုလားထိုင်တွင် ထိုင်၍ဖြစ်စေ၊ သို့မဟုတ် မတ်တပ်ရပ်၍ဖြစ်စေ ခြေဖနောင့်ကို မတင်ခြင်း ပြန်ချခြင်း ပြုလုပ်ပါ။ ခြေချောင်းများကို ကြမ်းပြင်တွင် ထိထားပါ။ 5

Papēžu cilāšana

  • ဒူးကွေးခြင်းနှင့် ခြေဖဝါးဆန့်ထုတ်ခြင်း - ကုလားထိုင်တွင် ထိုင်ကာ ဒူးကိုအနည်းငယ်ကွေးထားပြီး ခြေသလုံးကြွက်သားများကို ပေါင်နှင့်နီးကပ်စွာထားပါ။ တစ်ချိန်တည်းမှာပင် ခြေချောင်းများကို ကြမ်းပြင်ဖက်သို့ ဆန့်ထုတ်ထားပါ။ 7

Ceļgalu saliekšana un pēdas izliekuma stiepšana

    • ခြေထောက်ဆန့်ထုတ်ခြင်း - ကုလားထိုင်ပေါ်တွင်ထိုင်ကာ ခြေထောက်တစ်ဖက်ကို လုံးဝဖြောင့်တန်းသည်အထိ ဆန့်ထုတ်ထားပြီး တစ်ချိန်တည်းမှာပင် ခြေဖဝါးကို ဆန့်ထုတ်ပါ။ အခြားခြေထောက်တစ်ဖက်ဖြင့် ပြန်လည်လုပ်ဆောင်ပါ။ 7

Kāju izstiepšana

  • ခြေဖနောင့်ဖြင့် မိနစ်အနည်းငယ် လမ်းလျှောက်ပါ။5

pastaigājiet uz papēžiem

  • ခြေချောင်းများဖြင့် မိနစ်အနည်းငယ် လမ်းလျှောက်ပါ။.55

pastaigājiet uz pirkstgaliem

  • ခြေထောက်များမြှောက်ထားခြင်း - ကြမ်းပြင်တွင်လှဲလျောင်းပြီး ခြေထောက်များကို မြှောက်ထားကာ ဆန့်ထုတ်ပါ။ ခြေချောင်းများကို အကြိမ်ကြိမ်ဆန့်ထုတ်ပြီး ဖြေလျော့ပါ။5

Kāju pacelšana

  • ခြေထောက်များကိုခွာခြင်း ပူးခြင်း - ကြမ်းပြင်တွင် လှဲလျောင်းပြီး သင့်ခြေထောက်များကို အပေါ်သို့ တွဲလျက်ဖြန့်ကားပါ။ (လုံးဝမြှောက်ထားခြင်းမပြုရ) 5

Kāju izplešana un sakļaušana

    • လေထဲတွင်စက်ဝိုင်းပုံစံလှည့်ခြင်း - ကြမ်းပြင်တွင်လှဲလျောင်းပြီး ခြေထောက်တစ်ဖက်ကို မြှောက်ကာ စက်ဝိုင်းပုံစံ လှုပ်ရှားပေးပါ။ အခြားခြေထောက်တစ်ဖက်ဖြင့် ပြောင်းလဲလုပ်ဆောင်ပါ။ 5

 
 

 

 

References:

  1. Maya RA, Pérez F. Documento SEMG: Manejo y derivación en insuficiencia venosa crónica. 2017. Available at: https://www.semg.es/images/stories/recursos/2017/documentos/Monografia_INSF.VENOSA.CRONICA.pdf.
  2. Piera Fernández M. Piernas cansadas. Atención especial. Farmacia Profesional. 2002;16:96-99. Available at: https://www.elsevier.es/es-revista-farmacia-profesional-3-articulo-piernas-cansadas-atencion-especial-13038247
  3. Araujo DN, Ribeiro CT, Maciel AC, Bruno SS, Fregonezi GA, Dias FA. Physical exercise for the treatment of non-ulcerated chronic venous insufficiency. Cochrane Database Syst Rev. 03 de 2016;12:CD010637. Available at https://pubmed.ncbi.nlm.nih.gov/27914110/
  4. Sociedad Española de Farmacia Comunitaria. Guía práctica para prevenir y tratar el síndrome de piernas cansadas. Available at: https://www.sefac.org/sites/default/files/2017-11/Sind__piernas_cansadas.pdf
  5. Sociedad Española de Farmacia Comunitaria. Ejercicios para piernas cansadas. Available at:  https://www.sefac.org/documentos-publicaciones-sefac/ejercicios-para-piernas-cansadas
  6. Woodyard C. Exploring the therapeutic effects of yoga and its ability to increase quality of life. Int J Yoga. 2011 Jul;4:49-54. Available at: https://www.ncbi.nlm.nih.gov/pmc/articles/PMC3193654/ Last accessed June 2022
  7. O’Donovan KJ, Bajd T, Grace PA, et al. Preliminary Evaluation of Recommended Airline Exercises for Optimal Calf Muscle Pump Activity. EJVES Extra. 2006;12:1-5. Available at: https://doi.org/10.1016/j.ejvsextra.2006.04.001

ဆောင်းပါးများကို ပိုမိုဖတ်ရှုရန်

wave icon

နာတာရှည် ခြေထောက်သွေးပြန်ကြောအားနည်းရောဂါ နှင့် လိပ်ခေါင်းရောဂါလက္ခဏာများသက်သာစေရန် Daflon ၏အကျိူးအာနိသင်များကို ပိုမိုလေ့လာရန်။

2024