ခြေထောက်သွေးပြန်ကြော အားနည်းရောဂါအတွက် Daflon
၃၁-၀၈-၂၀၂၂
လိပ်ခေါင်းရောဂါမဖြစ်အောင် ကာကွယ်နည်းနှင့် ကုသနည်းများ
လိပ်ခေါင်းရောဂါအကြောင်းပြောကြသည့်အခါ အများစုက လိပ်ခေါင်းဖြစ်လျှင်ပေါ်လာတတ်သည့် ရောဂါလက္ခဏာများအကြောင်းပါဖော်ပြတတ်ကြသည်၊ (ဥပမာ - ယားယံခြင်း၊ နာကျင်ခြင်း၊ ဖောရောင်ခြင်း၊ စူးခနဲကိုက်ခြင်းနှင့် သွေးကျခြင်းများဖြစ်သည်။) သို့သော်..ထိုလက္ခဏာများ ပြသည်ဖြစ်စေ၊ မပြသည်ဖြစ်စေ လူတိုင်း၏ ခန္ဓာကိုယ်တည်ဆောက်ပုံတွင် လိပ်ခေါင်းရောဂါ ဖြစ်တည်နေနိုင်သည်။
လိပ်ခေါင်းဆိုသည်မှာ လူ့ခန္ဓာကိုယ်၏ အစာဟောင်းအိမ်နှင့် အညစ်အကြေးစွန့် အင်္ဂါရှိသွေးကြောများဖြစ်သည်။ ထိုသွေးကြောများ၏အခြားသော လုပ်ငန်းဆောင်တာများမှာ သွေးလည်ပတ်မှုအပြင် ခန္ဓာကိုယ်မှ အညစ်အကြေးစွန့်ခြင်းလုပ်ငန်းစဉ်ကို ချောမွေ့စေရန်ကူညီဆောင်ရွက်ပေးရန်ဖြစ်သည်။ ထိုသွေးကြောများ အကြောင်းတစ်ခုခုကြောင့် ရောင်ရမ်းလာသောအခါ၊ သို့မဟုတ် ကျယ်လာသောအခါ လိပ်ခေါင်းရောဂါလက္ခဏာများ စတင်ခံစားရမည်ဖြစ်၏။
လိပ်ခေါင်းရောဂါဖြစ်စေသော အကြောင်းအရင်းများမှာ - အညစ်အကြေးစွန့်နေချိန်တွင်/စွန့်ရန် ညှစ်ထားခြင်း၊ အထူးသဖြင့် ပြင်းထန်သည့် ဝမ်းချုပ်ရောဂါရှိသူများနှင့် အချိန်ကြာမြင့်စွာ မတ်တပ်ရပ်နေရ၊ ထိုင်နေရသူများ (အချိန်ကြာမြင့်စွာရပ်နေရခြင်း၊ ထိုင်နေရခြင်းကြောင့် သွေးလည်ပတ်မှုနှောင့်နှေးစေသည်)၊ ခန္ဓာကိုယ်အလေးချိန်များခြင်း၊ ကလေးမွေးချိန်တွင် အပြင်းအထန်ညှစ်ရခြင်းနှင့် ကိုယ်ဝန်ရှိသူများတွင် ကိုယ်ဝန်၏ အလေးချိန်ကြောင့် သားအိမ်ပိခြင်း တို့ဖြစ်သည်။
လိပ်ခေါင်းမဖြစ်အောင် ကာကွယ်နိုင်သော နည်းလမ်းများ ရှိပါသလား။
လိပ်ခေါင်းမဖြစ်အောင် အပြည့်အဝကာကွယ်ရန် အမြဲတမ်း မဖြစ်နိုင်ပေ။ လိပ်ခေါင်းရောဂါဆိုသည်မှာ ပြင်ပရိုက်ခတ်မှုများတွင်သာ မူတည်သည်မဟုတ်ဘဲ အချို့လူများတွင် မျိုးရိုးအရ လက်ဆင့်ကမ်းရရှိလာသော လိပ်ခေါင်းရောဂါပိုးရှိနေနိုင်သည်။ ဆိုကြပါစို့.. အကယ်၍ သင့်အဖေ၊ သို့မဟုတ် အမေတွင် လိပ်ခေါင်းရောဂါရှိဖူး၊ ဖြစ်ဖူးလျှင် သင့်မှာလည်း လိပ်ခေါင်းရောဂါခံစားရတာမျိုး ဖြစ်လာနိုင်ချေရှိသည်။
သို့သော် လိပ်ခေါင်းမဖြစ်စေရန်၊ လိပ်ခေါင်းဖြစ်ခြင်းကို နှေးကွေးစေရန် လုပ်နိုင်သည့် အချက်များတော့ရှိသည်။ ဥပမာ - ကိုယ်အလေးချိန်မမြင့်တက်စေရန် ဂရုစိုက်ခြင်း၊ ကျန်းမာအောင်နေထိုင်ခြင်း၊ ဝမ်းမချုပ်စေရန် အစားအစာကို ဂရုတစိုက်စားသောက်ခြင်း၊ (ရေများများသောက်ပြီး အမျှင်ဓာတ်ပါဝင်သော အစားအစာများ စားသုံးခြင်း)။ အညစ်အကြေးစွန့်ချိန်တွင် ညင်သာစွာစွန့်ခြင်း၊ အညစ်အကြေးစွန့်ပြီး စက္ကူနှင့် သုတ်ချိန်တွင် အညစ်အကြေးစွန့်သည့်နေရာသို့ စက္ကူကိုထိုးထည့်ခြင်းကဲ့သို့သော ကြမ်းတမ်းသည့်အရာများမပြုလုပ်ခြင်း၊ ရေ သို့မဟုတ် စက္ကူအစိုနှင့်သာ ကိစ္စရှင်းခြင်း။
ကော်ဖီ၊ အရက်၊ ဆေးရွက်ကြီးနှင့် အစပ်ကဲသောအစားအစာများကလည်း လိပ်ခေါင်းဖြစ်စေနိုင်သည်။ ထို့ကြောင့် သင့်တွင် လိပ်ခေါင်းမျိုးရိုးရှိလျှင် အစားအသောက်ကို အထူးဂရုစိုက် စားသုံးသင့်သည်။ ထို့အပြင် တစ်နေရာထဲတွင် အချီန်ကြာမြင့်စွာထိုင်မနေဖို့လည်း သတိပြုသင့်သည်။ ဥပမာ- လုပ်ငန်းခွင်တွင် တစ်နာရီတစ်ကြိမ်၊ နာရီအနည်းငယ်ကြာတိုင်း ခဏနားပြီး လမ်းထလျှောက်ခြင်းမျိုး ပြုလုပ်ပေးသင့်သည်။
လိပ်ခေါင်းရှိနေလျှင် လေ့ကျင့်ခန်းမလုပ်ဘဲ ရှောင်ကြဉ်သင့်လား။
အကယ်၍ သင့်မှာ လိပ်ခေါင်းရှိနေလျှင် အားကစားလုပ်ခြင်းကို ရှောင်ကြဉ်လိုက်ဖို့ မလိုအပ်ပါ။စပိန်ပြည်သူ့ကျန်းမာရေးဆေးဝါးအဖွဲ့အစည်းက လိပ်ခေါင်းရှိသူများအတွက် တစ်နေ့ကို မိနစ် (၃၀)ကြာ အားကစား၊ လေ့ကျင့်ခန်းကို တစ်ပတ် (၅) ရက် လုပ်ရန် ညွှန်ကြားထားသည်။ ဤသည်မှာ မှန်ကန်သော်လည်း စက်ဘီးစီးခြင်းနှင့် မြင်းစီးခြင်းကဲ့သို့သော အားကစားများကိုတော့ ဂရုစိုက်၍ပြုလုပ်ရန်မှာကြားထားသည်။
လိပ်ခေါင်းရောဂါကို ကုသရန်
လိပ်ခေါင်းရောဂါကိုကုသရန် အစားအသောက်ကို ဂရုစိုက်ခြင်းအပြင် အညစ်အကြေးစွန့်ပြီးတိုင်း မိနစ်အနည်းငယ်ကြာအောင် (၁၀ မိနစ်မှ ၁၅ မိနစ်အထိ) ရေနွေးနွေးနှင့် ရေချိုးပေးသင့်သည်။
အခြား ဆေးပညာနှင့် ကုသနည်းများမှာ ဆေးသောက်ခြင်းနှင့်ဆေးလိမ်းခြင်းများဖြစ်သည်။
2025